DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၂-၁-၂၀၂၅: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၇ ခုနှစ်၊ မတ်လ (၁၂)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက

စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ရခိုင်ပြည်နယ်တွင်

နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်

နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့် အတင့်

ဖြစ်ထွန်းခဲ့ပါသည်။ နေ့အပူချိန်များမှာ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင်‌့ ရှမ်းပြည်နယ်

(မြောက်ပိုင်း)တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့အောက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်ထိ

၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင်‌့ ချင်း ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်အောက်

(၆)ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင်‌့ ကချင်ပြည်နယ် တို့တွင် မတ်လ၏

ပျမ်းမျှအပူချိန်တို့အောက် (၈)ဒီဂရီစင်တီဂရိတ်မှ (၁၀)ဒီဂရီစင်တီဂရိတ်ထိ လျော့နည်းခဲ့ပြီး၊

ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။

ထူးခြားသည့် နေ့အပူချိန်များမှာ ဘော်လခဲမြို့တွင် (၄၀)ဒီဂရီ စင်တီဂရိတ်နှင့် ညောင်လေးပင်မြို့တွင်

(၃၉)ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ပလက်ဝမြို့ နှင့် ကျောက်တော်မြို့

တို့တွင် (၂.၇၂)လက်မစီ၊ မြစ်ကြီးနားမြို့တွင် (၁.၄၅)လက်မ၊ မောင်တောမြို့တွင် (၁.၄၁) လက်မ၊ ဟားခါးမြို့

တွင် (၁.၂၂)လက်မ၊ ရေဦးမြို့တွင် (၁.၀၆)လက်မ၊ မြောက်ဦးမြို့တွင် (ဝ.၉၈)လက်မနှင့် မိုးကောင်းမြို့တွင်

(ဝ.၈၃)လက်မတို့ ဖြစ်ကြ ပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လြယ်ပင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်

ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊

ကရင်ပြည်နယ်နှင်‌့ မွန်ပြည်နယ် တို့တွင် တိမ်အသင်‌့အတင်‌့ ဖြစ်ထွန်းမည်။ စစ်ကိုင်းတိုင်းဒေသကြီး၊

ကချင်ပြည်နယ်နှင်‌့ ချင်းပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ မန္တလေးတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊

ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင်‌့ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင်

နေရာကွက်ကျား မိုးထစ်ချူန်းရွာမည်။ ရွာရန်ရာနှုန်း (၈၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့်

မကွေးတိုင်းဒေသကြီးတို့တွင် နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချူန်း

ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း (၆၀)ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ တိမ်အသင်‌့အတင်‌့ ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချူန်း ရွာမည်။

ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။