DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၈-၄-၂၀၂၄  ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

သင်တန်းများပို့ချခြင်း

မိုးလေဝသနှင့်ဇလ‌ဗေဒ ညွှန်ကြားမှုဦးစီးဌာနသည် ဌာနတွင်းဝန်ထမ်းများ ဘာသာရပ်ဆိုင်ရာ နားလည်တတ်ကျွမ်းစေရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုရှိစေရေးအတွက် မိုးလေဝသ၊ ဇလဗေဒ၊ မြေငလျင် စသည့် ဌာန၏ လုပ်ငန်းများနှင့်သက်ဆိုင်သည့် ဘာသာရပ်ရပ်ဆိုင်ရာ သင်တန်းများကို နှစ်စဉ် ဖွင့်လှစ်ပို့ချပေးလျက်ရှိပါသည်။ ထိုသို့ ပို့ချပေးရာတွင် မိုးလေဝသဘာသာရပ်အတွက် မိုးလေဝသအဆင့်(၁)၊ အဆင့်(၂)၊ အဆင့်(၃)၊ အဆင့်(၄) သင်တန်းများကိုလည်းကောင်း၊ ဇလဗေဒ ဘာသာရပ်အတွက် ဇလဗေဒအဆင့်(၁)၊ အဆင့်(၂)၊ အဆင့်(၃)၊ အဆင့်(၄) သင်တန်းများကို လည်းကောင်း၊ မြေငလျင်ဘာသာရပ်အတွက် မြေငလျင်လုပ်ငန်းခွင်သင်တန်းများကိုလည်းကောင်း ဖွင့်လှစ် ပို့ချပေးပါသည်။

၁၉၉၃-၉၄ ပညာသင်နှစ်မှစတင်၍ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနနှင့် သင်္ချာဌာနတို့နှင့် ပူးပေါင်းညှိနှိုင်းလျက် သိပ္ပံဘွဲ့(ဂုဏ်ထူးတန်း) မိုးလေဝသ နှင့် သိပ္ပံဘွဲ့(ဂုဏ်ထူးတန်း) ဇလဗေဒ သင်တန်းများကို ဌာနတွင် ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ပါသည်။ ထိုသို့ဖွင့်လှစ် ပို့ချပေးခြင်းဖြင့် မိုးလေဝသနှင့်ဇလဗေဒ ပညာရပ်ဆိုင်ရာ မျိုးဆက်သစ်များကို မွေးထုတ်နိုင်ခဲ့ရာ ဌာနအတွက် များစွာအကျိုးဖြစ်ထွန်းစေပြီး လုပ်ငန်းများ ပိုမိုတိုးတက်စေခဲ့ပါသည်။

မိုးလေဝသနှင့်ဇလ‌ဗေဒ ညွှန်ကြားမှုဦးစီးဌာနသည် ဌာနတွင်းသင်တန်းများ ဖွင့်လှစ်ပို့ချ ပေးသည့် နည်းတူ ပြင်ပဌာနများဖြစ်သော အောက်ဖော်ပြပါ ဌာန/သင်တန်းများတွင် ဘာသာရပ်ဆိုင်ရာ ပို့ချ ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးပါသည် -

  • နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်
  • တပ်မတော်နည်းပညာတက္ကသိုလ်
  • လေကြောင်းသိပ္ပံနှင့်လေကြောင်းအင်ဂျင်နီယာတက္ကသိုလ်
  • မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
  • မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းပညာကောလိပ်
  • တပ်မတော်မိုးလေဝသတိုင်းတာရေးတပ်
  • လေကြောင်းထိန်းသင်တန်း
  • လေယာဉ်မှူးကြီးလိုင်စင်သင်တန်း
  • သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသင်တန်းများ