DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၄-၉-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း-ဩရိဿပြည်နယ်‌တောင်ပိုင်းကမ်းခြေ)တို့တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်း ရပ်ဝန်း (Low Pressure Area) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဩရိဿပြည်နယ်‌တောင်ပိုင်းသို့ ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။

 

လေဆင်နှာမောင်း (Tornado)

လေဆင်နှာမောင်း (Tornado)

လေဆင်နှာမောင်းသည်မုန်တိုင်းကြီးများနှင့်တွဲလျက်ပါလာသောမိုးတိမ်တောင် (Cumulonimbus)

သို့မဟုတ်သီးခြားဖြစ်ပေါ်သည့်မိုးတိမ်တောင်ကြီးများ၏အောက်ခြေတွင်ဖြစ်ပေါ်သောပြင်းထန်သည့်

မိုးလေဝသဖြစ်စဉ်တစ်ရပ်ဖြစ်သည်။

လေဆင်နှာမောင်းမှာတိမ်တိုက်အတွင်းအထက်တက်လေနှင့်အောက်ဆင်းလေများသည် အချင်းချင်း

ပွတ်တိုက်လျက် လေပွေ(Vortex) အငယ်စားဖြစ်ပေါ်ရာမှအောက်ခြေမြေပြင်ပေါ်ရှိအရာဝတ္ထုနှင့်

အဆောက်အဦ၊အပင်များကိုအပေါ်သို့ဘယ်ရစ်ရစ်လျက်ပင့်တင်ဆွဲယူသွားပြီး၊ဖြစ်စဉ်အတွင်း

လေတိုက်နှုန်းမိုင် ၆၀ မှ ၈၀ ခန့်နှုန်းဖြင့်သယ်ဆောင်တိုက်ခတ်သွားခြင်းဖြစ်ပါသည်။ဖြစ်ပွားချိန်မှာ

(၁၅)မိနစ်မှ (၃၅)မိနစ်ခန့်သာကြာပြီး လေဆင်နှာမောင်းအချင်းမှာလည်း (၁)မိုင်ခန့် ရှိနိုင်ပါသည်။

အဆိုပါဖြစ်စဉ်သည်ပင်လယ်ထဲ၌ ဖြစ်ပါက ရေဆင်နှာမောင်း(Water spout)ဟုခေါ်ပါသည်။