DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၁-၃-၂၀၂၆:ကပ္ပလီပင်လယ်ပြင်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းတွင် အများအားဖြင့် သာယာနေကာ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မိုးခေါင်ခြင်း (Drought)

မိုးခေါင်ခြင်း (Drought)

ပြည်နယ်နှင့် တိုင်း (သို့မဟုတ်) မြို့နယ်တစ်ခုခုအား မိုးခေါင်ခြင်းဖြစ်စဉ်ကို အောက်ပါအတိုင်း သတ်မှတ်ပါသည် -

(က)     နှစ်ပေါင်း ၃၀ ပျမ်းမျှမိုးရေချိန်ပမာဏထက် ၂၀ ရာခိုင်နှုန်း မိုးလျော့နည်းမှုသည် ၇ ရက်ထက် ပိုပါက မိုးခေါင်ခြင်းဟု သတ်မှတ်ပါသည်။ အဆိုပါမိုးခေါင်ခြင်းသည် သာမန်မိုးခေါင်ခြင်း Minor Drought ဟု သတ်မှတ်ပါသည်။

(ခ)       နှစ်ပေါင်း ၃၀ ပျမ်းမျှ မိုးရေချိန်ပမာဏထက် ၅၀ ရာခိုင်နှုန်းနှင့်အထက် လျော့နည်းမှု ၁၅ ရက်ထက် ပိုပါ က အဓိကမိုးခေါင်ခြင်း (Major Drought) ဟု သတ်မှတ်ပါသည်။