အောက်မြန်မာပြည်ဌာနခွဲ၏လုပ်ငန်းဆောင်ရွက်ချက်များ ၁။ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ အောက်မြန်မာပြည်ဌာနခွဲသည် ဖွဲ့စည်းပုံ အရ ညွှန်ကြားရေးမှူးမှ စီမံအုပ်ချုပ်ပြီး ဌာနခွဲလက်အောက်ခံ ပြည်နယ်နှင့် တိုင်းများ မှာ အောက်ပါ အတိုင်းဖြစ်ပါသည် - (က) ကယားပြည်နယ် (ခ) ကရင်ပြည်နယ် (ဂ) မွန်ပြည်နယ် (ဃ) ရခိုင်ပြည်နယ် (င) မကွေးတိုင်း (စ) ရန်ကုန်တိုင်း (ဆ) ပဲခူးတိုင်း (ဇ) ဧရာဝတီတိုင်း (ဈ) တနင်္သာရီတိုင်း ၂။ ဖော်ပြပါ ပြည်နယ်တိုင်းအသီးသီးရှိ ရုံး/စခန်းများအားလုံး၏ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းတာရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များကို တာဝန်ယူ ဆောင်ရွက်ပေးခြင်း၊ ရုံးချုပ်သို့ တင်ပြခွင့်ပြုချက်ရယူဆောင်ရွက်ခြင်းများကို လုပ်ဆောင်ရပါ သည်။ ဌာနခွဲလက်အောက်တွင် စီမံရေးရာ၊ ဘတ်ဂျက်နှင့်ငွေစာရင်း၊ မိုးလေဝသ၊ ဇလဗေဒ၊ စီမံကိန်းစသည့် ဌာနစုများကို ဖွဲ့စည်းထားရှိလျက် လုပ်ငန်းများကို ဆောင်ရွက်ကြပါသည်။ |
၂၆-၁၂-၂၀၂၄:ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းလွန်-တမီးလ်နာဒူးမြောက်ပိုင်း ကမ်းခြေ)တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက် ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် (၂၄) နာရီအတွင်း လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။