DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၈-၄-၂၀၂၄  ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

အင်ဂျင်နီယာဌာနခွဲ

နိဒါန်း

အင်ဂျင်နီယာဌာနခွဲသည် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ရည်ရွယ်ချက်အား အထောက်အကူပြုရန် မိုးလေ၀သနှင့်ဇလဗေဒဆိုင်ရာ ကြိုတင်ခန့်မှန်းချက်များ တိကျမှန်ကန်စွာ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရန်၊ လိုအပ်သော ပြည်တွင်းပြည်ပ သတင်းအချက်အလက်များ ကို လျင်မြန်စွာစုစည်းနိုင်ရန်၊ အီလက်ထရောနစ် ကိရိယာများအသုံးပြု၍ မိုးလေ၀သဖြစ်စဉ်များ တိုင်းတာရန်၊ မိုးလေ၀သဆိုင်ရာ စက်ကိရိယာများကို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါသည်။

အင်ဂျင်နီယာဌာနခွဲ၏လုပ်ငန်းဆောင်ရွက်ချက်များ

မိုးလေဝသနှင့်ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာန၏ အင်ဂျင်နီယာဌာနခွဲလက်အောက်တွင်   (၁၂.၃.၂၀၁၃) ဖွဲ့စည်းပုံ အရ-

(၁)     ကိရိယာအင်ဂျင်နီယာဌာနစု

(၂)      ဆက်သွယ်ရေးအင်ဂျင်နီယာဌာနစု

(၃)     စက်မှုအင်ဂျင်နီယာဌာနစုတို့ကို ဖွဲ့စည်းထားပြီး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါ သည်။

 ကိရိယာဌာနစုမှ တိုင်းနှင့် ပြည်နယ်   အသီးသီးရှိ  မိုး/ဇလ ရုံး/စခန်းများတွင် တပ်ဆင်ထား သော ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ အထောက်အပံ့ဖြင့် AWOS (Automatic Weather Observation System) စခန်း(၃၀)၊ ကိုရီးယား မိုးလေဝသဌာန(KMA)၏ အကူအညီဖြင့် ASOS(Automatic Synoptic Observation System) စခန်း(၄၀) နှင့် ကမ္ဘာ့ဘဏ် ၏ အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ နည်းလမ်း(IRM) အစီအစဉ်ဖြင့် (၈၈)စခန်းကိရိယာများမှ ရုံးချုပ်သို့ ပေးပို့သော မိုးလေဝသအချက်အလက် data  များအားစစ်ဆေးခြင်း၊ ကိရိယာများ error ဖြစ်ပါက နယ်စခန်းများနှင့်ချိတ်ဆက်ဆောင်ရွက်ခြင်း၊ လိုအပ်ပါကအင်ဂျင်နီယာဝန်ထမ်းများသည် နယ်စခန်း အသီးသီးသို့ maintenance လုပ်ငန်းများကို ခရီးထွက်ဆောင်ရွက်ရခြင်းတို့ ဆောင်ရွက်လျက် ရှိပါသည်။

ဆက်သွယ်ရေးဌာနစုမှ ပြည်တွင်းစခန်း (၅၁) ခုမှ သုံးနာရီခြားတစ်ကြိမ် တိုင်းတာချက်သတင်း များကို အထက်မြန်မာပြည်အတွက် မန္တလေးနှင့်နေပြည်တော်မှလည်းကောင်း၊ အောက်မြန်မာပြည် အတွက် ရန်ကုန် (ကမ္ဘာအေး) မှ လည်းကောင်း HF Transceiver (SSB) ၊ ဖုန်းနှင့် email အသုံးပြု၍ စုဆောင်းရရှိသော မိုးလေဝသ data များကို   သတ်မှတ်ချိန်အတွင်း ပြည်ပနိုင်ငံများသို့ အရောက်ပေးပို့ခြင်း၊ ခန့်မှန်းရေးဌာန၊ လေကြောင်းမိုးလေ၀သဌာနနှင့် နေပြည်တော်ရုံးချုပ်သို့ ပေးပို့ ခြင်း၊ ပြည်တွင်းမှ စုဆောင်းရရှိထားသော data များကို Global Telecommunication System မှ data များ ဖလှယ်ခြင်း၊ Himawari Cast Satellite Receiving System၊ CMA Cast Receiving System များမှ ဂြိုဟ်တုတိမ်ပုံနှင့် သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ လက်ခံရရှိရန် ထိန်းသိမ်းဆောင်ရွက်ခြင်း၊ ဌာနတွင်း ဆက်သွယ်ရေး (ICT) ဆိုင်ရာလုပ်ငန်းများ  ဆောင်ရွက်ခြင်း များ လုပ်ဆောင်လျက် ရှိပါသည်။

စက်မှုအင်ဂျင်နီယာဌာနစုမှာ ကျောက်ဖြူ၊ ရန်ကုန်၊ မန္တလေးရေဒါစခန်းတို့၏ operation and maintenance ဆောင်ရွက်မှုများတွင် ကြီးကြပ်ခြင်း၊ ရေဒါစခန်းများမှတိုင်းထွာရရှိသော သတင်း အချက်အလက်များအား နေပြည်တော်ရုံးချုပ်တွင် အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်စေရန်အတွက် Radar Display system ၊Satellite Communication system (VSAT) နှင့် generator ကောင်းမွန်မှုရှိစေရန် ဆောင်ရွက်ထားရှိခြင်း၊ ရေဒါနှင့်ဆက်စပ်သည့်စက်များ maintenance ဆောင်ရွက်ခြင်း၊ ရေဒါ data များအား backup ထားရှိထိန်းသိမ်းခြင်း၊ နည်းပညာဆိုင်ရာ လိုအပ်ချက်များရှိပါက ဂျပန်ပညာရှင်များနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ radar data utilization on weather forecast အတွက် မိုးလေဝသဌာနခွဲနှင့်ပူးပေါင်းဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။