“၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဖြစ်ပေါ်နိုင်သည့် လာနီညာအခြေအနေသတင်း”
(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်)
၁။ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ် ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော လာနီညာအခြေ အနေသို့ ရောက်ရှိနေပါသည်။ နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ဇန်နဝါရီလအတွင်း အားအနည်းငယ်ရှိသော လာနီညာအခြေအနေတွင် ဆက်လက် တည်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
၂။ လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ ဘက်မှ လေပွေလှိုင်းများတိုက်ခတ်ခြင်း၊ ညအပူချိန်များအနည်းငယ် လျော့နည်းခြင်းနှင့် မိုးရွာသွန်းမှု မူမမှန်ခြင်းစသည့် ရာသီဥတု ဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါသည်။
၃။ လာနီညာဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည် ဖြစ်ပါသည်။