DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၄-၁-၂၀၂၅: ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

နေ့စဉ်မိုးလေဝသသတင်း (၉.၈.၂၀၁၆)

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ

အတွင်းကစစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊

ရှမ်းပြည်နယ်(မြောက်ပိုင်းနှင်‌့ တောင်ပိုင်း)တို့တွင်နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီးအထက်

ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်နေရာ

အနှံ့အပြားမိုးထစ်ချုန်းရွာခဲ့ပြီး၊ရန်ကုန်တိုင်းဒေသကြီးနှင်‌့ဧရာဝတီတိုင်းဒေသကြီးတို့တွင်ဒေသ

အလိုက်၊မွန်ပြည်နယ်တွင်နေရာကွက်၍မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာရန်ကုန်

(မြို့လယ်)တွင်(၃.၉၄)လက်မ၊ကွမ်းခြံကုန်းမြို့တွင်(၃.၈၆)လက်မ၊ပုသိမ်မြို့တွင်(၃.၇၄)လက်မ၊

ဖျာပုံမြို့တွင်(၃.၃၅)လက်မ၊ညောင်တုန်းမြို့တွင်(၃.၂၇)လက်မ၊ကျိုက်မရောမြို့တွင်(၃.၂၆)လက်မ၊

ခရမ်းမြို့တွင်(၃.၀၃)လက်မ၊ရေးမြို့တွင်(၂.၉၁)လက်မ၊မအူပင်မြို့တွင်(၂.၇၂)လက်မ၊ပင်လယ်ဘူ

မြို့တွင်(၂.၅၆)လက်မ၊ရွှေကျင်မြို့နှင့်သထုံမြို့တို့တွင်(၂.၄၀)လက်မစီ၊ရန်ကုန်(ဒဂုံမြောက်ပိုင်း)နှင့်

ဘားအံမြို့တို့တွင်(၂.၃၆)လက်မစီ၊ရန်ကုန်(မင်္ဂလာဒုံ)တွင်(၂.၂၉)လက်မ၊ဂွမြို့နှင့်ကျိုက္ခမီမြို့တို့တွင်

(၂.၂၄)လက်မစီ၊မှော်ဘီမြို့တွင်(၂.၀၉)လက်မ၊ချောင်းဆုံမြို့တွင်(၂.၀၅)လက်မ၊ပူတာအိုမြို့နှင့်

ဘီးလင်းမြို့တို့တွင်(၂.၀၀)လက်မစီတို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၁၃း၃၀)နာရီအချိန်တိုင်းထွာချက်များ

အရဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင်လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပါ

သည်။အဆိုပါလေဖိအားနည်းရပ်ဝန်းသည်နောက်(၂၄)နာရီအတွင်းပိုမိုအားကောင်းလာကာ

မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါသည်။ကပ္ပလီပင်လယ်ပြင်နှင်‌့ဘင်္ဂလားပင်လယ်အော်တို့တွင်

မုတ်သုံလေအားအသင့်အတင့်မှအားကောင်းနေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ရှမ်းပြည်နယ်နှင်‌့ကယား

ပြည်နယ်တို့တွင်နေရာကျဲကျဲ၊မန္တလေးတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင်နေရာ

စိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင်‌့ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ရန်ကုန်

တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်

နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါ

တစ်ရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။မိုးသက်

လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်(၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေအားအသင့်အတင့်မှအားကောင်းနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်

ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးအသင့်အတင်‌့ထစ်ချုန်း

ရွာပြီး၊တစ်ခါတစ်ရံသည်းထန်နိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။