DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၀-၁-၂၀၂၅: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

နေ့စဉ်မိုးလေဝသခန့်မှန်းချက် (၁၉.၉.၂၀၁၅)

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ

အတွင်းကကချင်ပြည်နယ်တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာ

အနှံ့အပြားမိုးထစ်ချုန်းရွာခဲ့ပြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊

ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်ဒေသအလိုက်မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များ

မှာဘီးလင်းမြို့တွင်(၄.၆၁)လက်မ၊သရက်မြို့တွင်(၄.၄၉)လက်မ၊သထုံမြို့တွင်(၄.၄၅)လက်မ၊

ပေါင်မြို့တွင်(၄.၂၁)လက်မ၊သိမ်ဇရပ်မြို့နှင့်မြောက်ဦးမြို့တို့တွင်(၄.၀၂)လက်မစီ၊ညောင်လေးပင်မြို့

တွင်(၃.၇၈)လက်မ၊ချောင်းဆုံမြို့တွင်(၃.၇၀)လက်မ၊လှည်းကူးမြို့တွင်(၃.၄၆)လက်မ၊စစ်တွေမြို့နှင့်

ရန်ကုန်(ကမ္ဘာအေး)တို့တွင်(၃.၃၈)လက်မစီ၊ဖြူးမြို့နှင့်ကျောက်တော်မြို့တို့တွင်(၃.၃၁)လက်မစီ၊

ရန်ကုန်(မြို့လယ်)နှင့်မော်လမြိုင်မြို့တို့တွင်(၃.၂၇)လက်မစီ၊မ‌ဒေါက်မြို့တွင်(၃.၁၉)လက်မ၊ပဲခူးမြို့

တွင်(၃.၁၄)လက်မ၊ခရမ်းမြို့တွင်(၂.၉၉)လက်မ၊တောင်ကုတ်မြို့တွင်(၂.၈၇)လက်မ၊ဂန့်ဂေါမြို့တွင်

(၂.၈၃)လက်မ၊မာန်အောင်မြို့တွင်(၂.၈၀)လက်မနှင့်ပလက်ဝမြို့နှင့်ရေးမြို့တို့တွင်(၂.၇၅)လက်မစီ

တို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၁၃း၃၀)နာရီအချိန်တိုင်းထွာချက်များ

အရဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည်

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင်ဆက်လက်တည်ရှိနေပါသည်။ကပ္ပလီပင်လယ်ပြင်တွင်

မုတ်သုံလေအားအနည်းငယ်မှအားအသင့်အတင့်ရှိနေပြီး၊ဘင်္ဂလားပင်လယ်အော်တွင်မုတ်သုံလေ

အားကောင်းနေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်

မွန်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုး

ထစ်ချုန်းရွာပြီး၊ရခိုင်ပြည်နယ်တွင်ဒေသအလိုက်နှင့်စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊

မကွေးတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင်နေရာ

ကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်

တို့တွင်မကြာခဏမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်

ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်(၄၅)မိုင်ထိတိုက်ခတ်နိုင်ပါသည်။ကျန်မြန်မာ့

ပင်လယ်ပြင်တွင်လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နှင့်

ရခိုင်ပြည်နယ်တို့တွင်မိုးပိုနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်

ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်ထစ်ချုန်း

ရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်ထစ်ချုန်း

ရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။