DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၃-၁၁-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိ နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမို အားကောင်းလာနိုင်ကာ ၂၅-၁၁-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ထိုမှတစ်ဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် ၂ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေ-သီရိလင်္ကာနိုင်ငံကမ်းခြေတို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

Myanmar Daily Weather Report

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၅ ခုနှစ်၊ ဇွန်လ(၁၈)ရက်နေ့ မွန်းလွဲ (၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်းက

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေး

တိုင်းဒေသကြီးနှင့်ကယားပြည်နယ်တို့တွင်နေရာကွက်ကျား၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနှင့်

ရခိုင်ပြည်နယ်တို့တွင်နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်

နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုး

ထစ်ချုန်းရွာခဲ့ပြီး၊တနင်္သာရီတိုင်းဒေသကြီးတွင်နေရာကွက်၍မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များ

မှာလောင်းလုံးမြို့တွင်(၈.၀၃)လက်မ၊ခန္တီးမြို့တွင်(၂.၇၆)လက်မ၊မြိတ်မြို့တွင်(၂.၆၈)လက်မ၊ကော့ကရိတ်မြို့

တွင်(၂.၂၀)လက်မ၊လှိုင်းဘွဲမြို့တွင်(၂.၁၃)လက်မ၊ဘီးလင်းမြို့တွင်(၁.၈၉)လက်မ၊မြစ်ကြီးနားမြို့တွင်(၁.၈၅)

လက်မ၊ကော့သောင်းမြို့တွင်(၁.၇၇)လက်မနှင့်ပေါင်မြို့တွင်(၁.၆၉)လက်မတို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ယနေ့မြန်မာစံတော်ချိန်(၁၃း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလား

ပင်လယ်အော်အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည်ဆက်လက်တည်ရှိနေပါ

သည်။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအားကောင်းရာမှအားအလွန်ကောင်း

နေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီးနှင့်မကွေးတိုင်း

ဒေသကြီးတို့တွင်နေရာကွက်ကျား၊ကယားပြည်နယ်တွင်နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊

ပဲခူးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာ

အနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးနှင့်

မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါမိုးသက်

လေပြင်းများက ျရာက်ပြီးလှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်

မိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေဆက်လက် အားကောင်းနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။  မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။    နေရာကွက်က ျား မိုးထစ်ချုန်း ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။