နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၈ ခုနှစ်၊ မေလ(၂)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်းက
မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်း ဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်နှင့်
ကယားပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင်
နေရာကွက်ကျား၊ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်နေရာကျဲကျဲ၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ချင်းပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်
ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်း ရွာခဲ့ကာ၊နေပြည်တော်တွင်ဒေသအလိုက်နှင့်မွန်ပြည်နယ်တွင်
နေရာကွက်၍မိုးကြီးခဲ့ပါသည်။နေ့အပူချိန်များမှာတနင်္သာရီတိုင်းဒေသကြီးတွင်မေလ၏ပျမ်းမျှအပူချိန်အောက်
(၅)ဒီဂရီစင်တီဂရိတ်လျော့နည်းခဲ့ပြီး၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်မေလ၏ပျမ်းမျှအပူချိန်ခန့်သာ
ရှိခဲ့ပါသည်။ ထူးခြားသည့်နေ့အပူချိန်များမှာချောက်မြို့တွင်(၄၂)ဒီဂရီစင်တီဂရိတ်၊ဘော်လခဲမြို့တွင်
(၄၁)ဒီဂရီစင်တီဂရိတ်၊ညောင်ဦးမြို့၊ရမည်းသင်းမြို့၊မင်းဘူးမြို့၊မကွေးမြို့၊အောင်လံမြို့နှင့်သာယာဝတီမြို့တို့တွင်
(၄၀)ဒီဂရီစင်တီဂရိတ်စီတို့ဖြစ်ကြပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာနေပြည်တော်(ဇေယျာသီရိမြို့နယ်)တွင်
(၃.၈၂)လက်မ၊ပျဉ်းမနားမြို့တွင်(၃.၇၈)လက်မ၊ပေါင်မြို့တွင်(၃.၀၇)လက်မ၊နေပြည်တော်လေဆိပ်(ဧလာ)တွင်
(၃.၀၃)လက်မ၊မော်လမြိုင်မြို့တွင်(၁.၉၇)လက်မ၊နေပြည်တော်(ဇမ္ဗူသီရိမြို့နယ်)တွင်(၁.၈၉)လက်မ၊ရေးမြို့တွင်
(၁.၈၅)လက်မ၊ကျိုက္ခမီမြို့တွင်(၁.၇၇)လက်မ၊လယ်ဝေးမြို့နှင့်နေပြည်တော်(ဥတ္တရသီရိမြို့နယ်)တို့တွင်
(၁.၆၅) လက်မစီတို့ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန်တိုင်းထွာချက်များအရ
မုတ္တမကွေ့အနီးတွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည်ဆက်လက်တည်ရှိနေပါသည်။
အဆိုပါလေဖိအားနည်းရပ်ဝန်းသည်နောက်(၆)နာရီအတွင်းကုန်းတွင်းသို့ဝင်ရောက်မည်ဟုခန့်မှန်းရပါသည်။
ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်တိမ်ထူထပ်နေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်
တိမ် အသင့်အတင့်ဖြစ်ထွန်းနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။မကွေးတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ကျား၊
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်မန္တလေးတိုင်းဒေသကြီးတို့တွင်နေရာကျဲကျဲ၊နေပြည်တော်၊
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့်
ချင်းပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊
မွန်ပြည်နယ်တွင်ဒေသအလိုက်နှင့်ပဲခူးတိုင်းဒေသကြီးနှင့်ကရင်ပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
ြမန်မာ့ပင်လယ်ပြင်။မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်
ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးနိုင်ပါသည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။
ကျန်မြန်မာ့ပင်လယ်ပြင်တွင်လှိုင်းအသင့်အတင့်ရှိမည်။လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊
မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်(၈)ပေမှ(၁၀)ပေခန့်နှင့်
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင်(၄)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်
မိုးဆက်လက်ထစ်ချုန်းရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။