DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၆-၁-၂၀၂၅: ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

Myanmar Daily Weather Report

 

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်းက

ကယားပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင်တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ရန်ကုန်တိုင်းဒေသကြီးနှင့်

မွန်ပြည်နယ်တို့တွင်နေရာကွက်ကျား၊နေပြည်တော်၊မန္တလေးတိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီးတို့တွင်

နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊မကွေးတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊

တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာစိပ်စိပ်၊

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင်

နေရာအနှံ့အပြားမိုးထစ်ချုန်းရွာခဲ့ပြီး၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်မန္တလေးတိုင်းဒေသကြီးတို့တွင်

ဒေသအလိုက်နှင့်စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်မကွေးတိုင်းဒေသကြီးတို့တွင်နေရာကွက်၍

မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာသပိတ်ကျင်းမြို့တွင်(၄.၅၃)လက်မ၊တမူးမြို့တွင်(၄.၁၃)လက်မ၊

ကျောက်ထုမြို့တွင်(၂.၄၅)လက်မ၊ကသာမြိုတွန်းဇံမြို့နှင့်လွိုင်လင်မြိုတို့တွင်(၂.၂၈)လက်မစီ၊ဟုမ္မလင်းမြိုတွင်

(၂.၀၅)လက်မ၊မြစ်ဆုံမြို့တွင်(၁.၆၉)လက်မ၊တကောင်းမြို့တွင်(၁.၅၇)လက်မနှင့်မြင်းမူမြို့တွင်(၁.၅၀)လက်မတို့

ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ

အားနည်းနေပါသည်။

မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်ကျား၊

နေပြည်တော်၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနှင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် တောင်ပိုင်း)တို့တွင်နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ဧရာဝတီ

တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်

နေရာစိပ်စိပ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊မန္တလေးတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်နေရာကွက်၍

မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်း (၈၀)ဖြစ်ပါသည်။

မန်မာ့ပင်လယ်ပြင်။လှိုင်းအနည်းငယ်မှလှိုင်းအသင့်အတင့်ရှိမည်။လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်

လျှောက်တွင် (၄)ပေမှ (၇) ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် မိုးပိုလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။

ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။

ရွာရန်ရာနှုန်း (၈၀)ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်

။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။