DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၂၉-၀၃-၂၀၂၄):ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

Depression News No.7, 2020

             ကုန်းတွင်းမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၇/၂၀၂၀)

 (၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ  ၂၃  ရက်)        

              (မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

(က) ကုန်းတွင်းမုန်တိုင်းငယ်အခြေအနေ

          ယနေ့မြန်မာစံတော်ချိန်(၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေကို ဆာဂါ(Sagar)ကျွန်းနှင့် ခီပူပါရာ (Khepupara)မြို့အကြားမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းငယ်(Depression)သည် ကုန်းတွင်းမုန်တိုင်းငယ် (Land Depression)အဖြစ် ရောက်ရှိခဲ့ပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက် လက်ရွေ့လျားကာ၊ နောက်(၂၄)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ်တွင် လေဖိအား နည်းရပ်ဝန်း (Low Pressure Area)အဖြစ် အားလျော့သွားမည်ဟု ခန့်မှန်းရ ပါသည်။  

() သတိပေးနှိုးဆော်ချက်  

အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့ညမှ နောက်(၂၄)နာရီ အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ် စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်းနှင့် နေရာ ကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကာ၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်း ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ()ပေမှ (၁၁)ပေခန့်ရှိနိုင်ပါသည်။

(ဂ) အကြံပြုချက်

(၁)     သို့ဖြစ်ပါ၍ ကုန်းတွင်းမုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာ ထစ်ချုန်း ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြို ခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင် ကြသူများအနေဖြင့် လျှပ်တစ်ပြက်ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

(၂)      ယခုသတင်းသည် မုန်တိုင်းငယ်(Depression)အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။