နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၈ ခုနှစ်၊ ဧပြီလ(၈)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက
နေပြည်တော်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီး
အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် နေရာ
စိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့်
ရခိုင်ပြည်နယ် တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့်
ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုး ထစ်ချုန်းရွာခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးတွင် ဒေသအလိုက်၊
ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့်
ပြည်နယ်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်ခဲ့ပါသည်။ နေ့အပူချိန်များမှာ ရှမ်းပြည်နယ်(အရှေ့
ပိုင်း)တွင် ဧပြီလ ၏ ပျမ်းမျှအပူချိန်အောက် (၁၂)ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း
တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်အောက် (၅)ဒီဂရီစင်တီ ဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊
ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၃)ဒီဂရီ
စင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိနှင့် ကချင်ပြည်နယ်တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်အောက်
(၂)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှ
အပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့၊ မကွေးမြို့၊ အောင်လံမြို့၊
တောင်တွင်းကြီးမြို့၊ တောင်ငူမြို့၊ သာယာဝတီမြို့နှင့် ဘော်လခဲမြို့တို့တွင် (၄၀)ဒီဂရီစင်တီဂရိတ်
စီ တို့ဖြစ်ကြပါသည်။ မှတ်သား ဖွယ်ရာ မိုးရေချိန်များမှာ ရန်ကုန်(မင်္ဂလာဒုံ)တွင် (၆.၃၇)လက်မ၊
တောင်ကုတ်မြို့တွင် (၄.၀၉)လက်မ၊ သရက်မြို့တွင် (၂.၆၈)လက်မ၊ သံတွဲမြို့ တွင် (၂.၅၂)လက်မ၊
ဇောင်းတူမြို့တွင် (၂.၃၂)လက်မ၊ တောင်တွင်းကြီးမြို့တွင် (၂.၂၄)လက်မ၊ ပဲခူးမြို့တွင် (၂.၀၄)
လက်မ၊ အောင်လံမြို့တွင် (၂.၀၂)လက်မ၊ ပျော်ဘွယ်မြို့တွင် (၁.၃၄)လက်မ၊ အမ်းမြို့တွင် (၁.၁၄)
လက်မ၊ နေပြည်တော်(ဥတ္တရသီရိမြို့နယ်)တွင် (ဝ.၇၅)လက်မနှင့် ရန်ကုန် (ကမ္ဘာအေး)တွင် (ဝ.၇၁)
လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် တိမ်အသင့်
အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ
တိမ်ထူထပ်နေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေ
သကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ တနင်္သာရီ
တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်း
ဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်
ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊
ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးဆက်လက် ထစ်ချုန်းရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။