နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၇ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော (၂၄)နာရီအတွင်းက
ကချင်ပြည်နယ်တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်
အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး
တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုး ထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့်
ပြည်နယ်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်ခဲ့ပါသည်။ နေ့အပူချိန်များမှာ ကချင် ပြည်နယ်နှင့်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် ဧပြီလ၏ပျမ်းမျှအပူချိန်တို့အောက် (၅)ဒီဂရီစင်တီဂရိတ်မှ (၆)ဒီဂရီ
စင်တီဂရိတ်ထိ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် ဧပြီလ၏ ပျမ်းမျှအပူချိန်အောက် (၄)ဒီဂရီ
စင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ မကွေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ချင်းပြည်နယ်
တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် (၂)ဒီဂရီစင်တီဂရိတ်ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်
တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့၊
မင်းဘူးမြို့နှင့် မကွေးမြို့တို့တွင် (၄၂)ဒီဂရီစင်တီဂရိတ်စီ၊ အောင်လံမြို့၊ ပြည်မြို့နှင့် ဘော်လခဲမြို့
တို့တွင် (၄၁)ဒီဂရီ စင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ခန္တီးမြို့တွင်
(၂.၀၀)လက်မ၊ ပူတာအိုမြို့တွင် (ဝ.၇၅) လက်မ၊ မချမ်းဘောမြို့တွင် (ဝ.၆၃)လက်မ၊ မြစ်ကြီးနားမြို့
တွင် (ဝ.၅၉)လက်မ၊ လားရှိုးမြို့တွင် (ဝ.၃၁)လက်မနှင့် ကျိုင်းတုံမြို့ တွင် (ဝ.၂၈)လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်
တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊
တနင်္သာရီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း
ဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ကယား
ပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း
(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်
(မြောက်ပိုင်း)တို့ တွင် မိုးဆက်လက်ထစ်ချုန်းရွာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။