နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ
အတွင်းကကချင်ပြည်နယ်၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ချင်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်
တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊နေပြည်တော်နှင့်စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့တွင်
နေရာကွက်ကျား၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ရခိုင်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင်နေရာကျဲကျဲ၊ရှမ်းပြည်နယ်
(တောင်ပိုင်း)တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုး
ထစ်ချုန်းရွာကာ၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီးနှင့်ရန်ကုန်တိုင်း
ဒေသကြီးတို့တွင်နေရာကွက်၍မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာစစ်ကိုင်းမြို့တွင်
(၆.၃၀)လက်မ၊ကိုကိုးကျွန်းမြို့တွင်(၅.၂၅)လက်မ၊ဟိုင်းကြီးကျွန်းမြို့တွင်(၂.၂၀)လက်မ၊
ကျောက်ဖြူမြို့တွင်(၂.၀၉)လက်မ၊မြိတ်မြို့တွင်(၁.၈၉)လက်မ၊တောင်ကြီးမြို့နှင့်မာန်အောင်မြို့
တို့တွင်(၁.၇၇)လက်မစီနှင့်မန္တလေးမြို့တွင်(၁.၅၃)လက်မတို့ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၁၃း၃၀)နာရီအချိန်တိုင်းထွာချက်
များအရဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသောမုန်တိုင်းငယ်သည်သိသိ
သာသာရွေ့လျားခြင်းမရှိဘဲပိုမိုအားကောင်းလာကာအားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့
ရောက်ရှိခဲ့ပြီးမြန်မာနိုင်ငံ၊ကိုကိုးကျွန်းမြို့၏မြောက်-အနောက်မြောက်ဘက်(၈၅)မိုင်ခန့်၊ဟိုင်းကြီး
ကျွန်းမြို့၏အနောက်တောင်ဘက်(၈၅)မိုင်ခန့်၊ပုသိမ်မြို့၏အနောက်တောင်ဘက်(၁၂၅)မိုင်ခန့်၊
ဂွမြို့၏တောင်-အနောက်တောင်ဘက်(၁၅၅)မိုင်ခန့်၊ရန်ကုန်မြို့၏အနောက်တောင်ဘက်(၂၀၅)
မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။အဆိုပါအားကောင်းသောမုန်တိုင်းငယ်သည်
နောက်(၁၂)နာရီအတွင်းပိုမိုအားကောင်းလာကာဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိနိုင်ပြီး
ယနေ့ညနေပိုင်းတွင်မြန်မာနိုင်ငံကမ်းရိုးတန်း(မြစ်ဝကျွန်းပေါ်ဒေသ)အနီးသို့ဦးတည်ရွေ့လျားပြီး
နောက်ပြန်ကွေ့ကာမြောက် - အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားမည်ဟုခန့်မှန်းရပါ
သည်။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အသင့်အတင့်မှတိမ်ထူထပ်နေ
ပါသည်။
မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ ကချင်ပြည်နယ်တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။စစ်ကိုင်းတိုင်း
ဒေသကြီးအထက်ပိုင်းတွင်နေရာကွက်ကျား၊နေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ရှမ်း
ပြည်နယ်၊ချင်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်နေရာကျဲကျဲ၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်း
ဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနှင့်ကရင်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်
နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ဧရာဝတီတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင်ဒေသ
အလိုက်၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊တနင်္သာရီတိုင်း
ဒေသကြီးနှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါ
မိုးသက်လေပြင်းများကျရောက်ပြီး၊လှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်
တစ်နာရီလျှင်မိုင်(၄၀)မှ(၄၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်း
ဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင်မိုးပိုလာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်း
ရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ မိုးအသင့်အတင့်ထစ်ချုန်းရွာပြီး၊
တစ်ခါတစ်ရံသည်းထန်နိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်း
ရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။