မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၈)၊
မုန်တိုင်းငယ်အခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန်(၁၉း၀၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့
အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အရှေ့-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊
မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်မြောက်ဘက် မိုင်(၁၀၀)ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက်
မိုင်(၂၀၅)ခန့်၊ ရန်ကုန်မြို့ ၏အနောက်တောင်ဘက် မိုင်(၂၈၀)ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပို့လ်ဘလဲယားမြို့၏
မြောက်-အနောက်မြောက်ဘက် မိုင်(၁၉၅)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါ သည်။ အဆိုပါ
မုန်တိုင်းငယ်သည် အရှေ့-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ နောက် (၃၆)နာရီအတွင်း
ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်း ရပါသည်။
(ခ) မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းဘက်သို့ ဦးတည်နေပါ
သဖြင့်လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။
မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က)အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၁၉း၀၀)နာရီအချိန်တွင်
မြောက်လတ္တီကျု (၁၄.၈)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁.၈)ဒီဂရီတွင်ရှိပြီး၊
ဗဟိုချက်လေဖိအား(၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ
တစ်နာရီလျှင် (၃၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။
နောက်(၃၆)နာရီအတွင်း ခန့်မှန်းချက်
(က) အဆိုပါမုန်တိုင်းငယ်သည် နောက်(၃၆)နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့
အားကောင်းလာနိုင်ပြီး၊ မြန်မာနိုင်ငံကမ်းရိုးတန်းအနီးသို့ ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ
(၂၃)ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
(က) အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် (၂၃.၁၀.၂၀၁၆)ရက်နေ့မှ (၂၅.၁၀.၂၀၁၆) ရက်နေ့အတွင်း
နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊
ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊
နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
(ခ) အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်
ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီး နိုင်ပါသည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည်တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ
တိုက်ခတ်နိုင်ပါသည်။
အကြံပြုချက်
(က) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊
ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန် အကြံပြုအပ်ပါသည်။