DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၇-၁၁-၂၀၂၄:ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါ သည်။

 

နေ့စဉ်မိုးလေဝသသတင်း (၁၁.၉.၂၀၁၆)

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ

အတွင်းကကယားပြည်နယ်တွင်နေရာကွက်ကျား၊နေပြည်တော်၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်း

ဒေသကြီးနှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင်နေရာကျဲကျဲ၊မန္တလေးတိုင်းဒေသကြီး၊ဧရာဝတီ

တိုင်းဒေသကြီး၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင်‌့ကျန်တိုင်းဒေသကြီးနှင့်

ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာခဲ့ပြီး၊စစ်ကိုင်းတိုင်းဒေသကြီးအာက်ပိုင်းနှင့်

မန္တလေးတိုင်းဒေသကြီးတို့တွင်ဒေသအလိုက်နှင့်မကွေးတိုင်းဒေသကြီးနှင့်တနင်္သာရီတိုင်း

ဒေသကြီးတို့တွင်နေရာကွက်၍မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာသပိတ်ကျင်းမြို့

တွင်(၆.၄၆)လက်မ၊တံတားဦးမြို့တွင်(၅.၈၃)လက်မ၊စဉ့်ကိုင်မြို့တွင်(၄.၀၈)လက်မ၊ငါန်းဇွန်မြို့

တွင်(၃.၉၂)လက်မ၊ကန့်ဘလူမြို့တွင်(၃.၃၄)လက်မ၊မြိတ်မြို့တွင်(၃.၂၇)လက်မ၊ပင်လယ်ဘူးမြို့

တွင်(၂.၃၂)လက်မ၊နမ့်စန်မြို့တွင်(၂.၁၃)လက်မ၊စစ်ကိုင်းမြို့တွင်(၂.၀၅)လက်မ၊ကလေးမြို့တွင်

(၁.၉၇)လက်မ၊ကျောက်ဆည်မြို့တွင်(၁.၉၃)လက်မ၊မာန်အောင်မြို့နှင့်ကော့သောင်းမြို့တို့တွင်

(၁.၈၉)လက်မစီ၊မင်းတပ်မြို့နှင်‌့ရန်ကုန်(ကမ္ဘာအေး)တို့တွင်(၁.၈၅)လက်မစီ၊ကသာမြို့တွင်

(၁.၈၁)လက်မ၊ခရမ်းမြို့တွင်(၁.၇၈)လက်မနှင့်ရေဦးမြို့နှင့်ဂန့်ဂေါမြို့တို့တွင်(၁.၆၅)လက်မစီတို့

ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင်‌့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း

တို့တွင်မုတ်သုံလေအားကောင်းနေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်မုတ်သုံလေအား

နည်းငယ်မှအားအသင့်အတင့်ရှိနေပါသည်။

မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်နေရာကျဲကျဲ၊နေပြည်တော်၊

စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်

တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နှင်‌့ရခိုင်ပြည်နယ်တို့တွင်နေရာ

စိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင်‌့ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊စစ်ကိုင်းတိုင်း

ဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်

ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်

ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီး၊လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါ

သည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်(၃၅)မိုင်အထိတိုက်ခတ်နိုင်ပါ

သည်။ကျန်မြန်မာ့ပင်လယ်ပြင်တွင်လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်

မိုးပိုလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်ထစ်ချုန်း

ရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်ထစ်ချုန်း

ရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်ထစ်ချုန်း

ရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။