DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃-၁-၂၀၂၅: ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

နေ့စဉ်မိုးလေဝသသတင်း (၅.၉.၂၀၁၆)

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ

အတွင်းကစစ်ကိုင်းတိုင်းဒေသကြီးaအာက်ပိုင်းနှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင်တိမ်အသင့်

အတင့်ဖြစ်ထွန်းခဲ့ပြီး၊ကယားပြည်နယ်တွင်နေရာကွက်ကျား၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်း

ဒေသကြီး၊ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)တို့တွင်နေရာကျဲကျဲ၊နေပြည်တော်၊ကချင်ပြည်

နယ်နှင်‌့ချင်းပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင်‌့ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့

အပြားမိုးထစ်ချုန်းရွာခဲ့ပြီး၊ပဲခူးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်ဒေသအလိုက်

နှင့်တနင်္သာရီတိုင်းဒေသကြီးနှင့်ကရင်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးခဲ့ပါသည်။မှတ်သား

ဖွယ်ရာမိုးရေချိန်များမှာမော်လမြိုင်မြို့တွင်(၄.၆၉)လက်မ၊မောင်တောမြို့တွင်(၄.၅၃)လက်မ၊ပဲခူးမြို့

တွင်(၄.၁၃)လက်မ၊ဂွမြို့တွင်(၃.၈၂)လက်မ၊ညောင်လေးပင်မြို့တွင်(၃.၆၃)လက်မ၊ကျိုက်မရောမြို့

တွင်(၃.၃၀)လက်မ၊လောင်းလုံးမြို့တွင်(၃.၁၉)လက်မ၊တောင်ကုတ်မြို့နှင့်လှိုင်းဘွဲ့မြို့တို့တွင်(၃.၁၁)

လက်မစီ၊မာန်အောင်မြို့တွင်(၃.၀၃)လက်မ၊ရန်ကုန်(ဒဂုံမြောက်ပိုင်း)နှင့်ဘားအံမြို့တို့တွင်(၂.၉၅)

လက်မစီ၊မအူပင်မြို့နှင့်ပေါင်မြို့တို့တွင်(၂.၈၃)လက်မစီ၊ဇလွန်မြို့တွင်(၂.၆၈)လက်မ၊သံတွဲမြို့နှင့်

ဟိုင်းကြီးကျွန်းမြို့တို့တွင်(၂.၅၆)လက်မစီနှင့်ပိုင်ကျုံမြို့တွင်(၂.၅၂)လက်မတို့ဖြစ်ကြပါသည်။
    
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၁၃း၃၀)နာရီအချိန်တိုင်းထွာ

ချက်များအရဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသောလေဖိအားနည်း

ရပ်ဝန်းသည်ဆက်လက်တည်ရှိနေပါသည်။ကပ္ပလီပင်လယ်ပြင်နှင်‌့ဘင်္ဂလားပင်လယ်အော်တို့တွင်

မုတ်သုံလေအားကောင်းနေပါသည်။

မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင်နေရာကွက်ကျား၊မန္တလေး

တိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်နေရာကျဲကျဲ၊

နေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ချင်းပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင်‌့ကျန်တိုင်း

ဒေသကြီးနှင်‌့ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်

ဒေသအလိုက်နှင့်ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်း

ဒေသကြီးနှင့်ကရင်ပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါ

မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်

တစ်နာရီလျှင်မိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေအားအသင့်အတင့်မှအားကောင်းမည်။  

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်

ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ မိုးအသင့်အတင့်

ထစ်ချုန်းရွာပြီး၊တစ်ခါတစ်ရံသည်းထန်နိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။