နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ
အတွင်းကနေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီးနှင့်ရခိုင်
ပြည်နယ်တို့တွင်နေရာအနှံ့အပြား၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်
(မြောက်ပိုင်း)နှင့်ကယားပြည်နယ်တို့တွင်နေရာစိပ်စိပ်၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး
နှင့်ဧရာဝတီတိုင်းဒေသကြီးတို့တွင်နေရာကျဲကျဲနှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာ
ကွက်ကျားမိုးထစ်ချုန်းရွာခဲ့ပြီး၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင်ဒေသအလိုက်မိုးကြီးခဲ့ပါ
သည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာရွှေဘိုမြို့တွင်(၆.၀၂)လက်မ၊ဇောင်းတူမြို့တွင်(၂.၇၂)
လက်မ၊ကျောက်တော်မြို့နှင့်ကော့သောင်းမြို့တို့တွင်(၁.၈၉)လက်မစီ၊မုံရွာ(ကြေးမုံ)တွင်(၁.၆၅)
လက်မ၊လွိုင်ကော်မြို့တွင်(၁.၄၇)လက်မ၊ကျောက်မဲမြို့တွင်(၁.၄၂)လက်မ၊ပျော်ဘွယ်မြို့တွင်
(၁.၃၈)လက်မ၊သရက်မြို့တွင်(၁.၂၂)လက်မ၊စစ်တွေမြို့တွင်(၁.၁၈)လက်မနှင့်ဗန်းမော်မြို့တွင်
(၁.၀၆)လက်မတို့ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၁၃း၃၀)နာရီအချိန်တိုင်းထွာချက်
များအရဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်း
သည်ဆက်လက်တည်ရှိနေပါသည်။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေ
အားနည်းနေပါသည်။
မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင်နေရာအနှံ့အပြား၊
နေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီ
တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်း
ဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာကျဲကျဲမိုးထစ်ချုန်းရွာပြီး၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်
မန္တလေးတိုင်းဒေသကြီးတို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှအသင့်အတင့်ရှိမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေအားနည်းနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်
ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်
ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်
ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။