DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃-၁-၂၀၂၅: ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

နေ့စဉ်မိုးလေဝသသတင်း (၈.၈.၂၀၁၆)

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ

အတွင်းကကယားပြည်နယ်တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊စစ်ကိုင်းတိုင်းဒေသကြီး

အောက်ပိုင်းနှင်‌့မန္တလေးတိုင်းဒေသကြီးတို့တွင်နေရာကွက်ကျား၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်

(မြောက်ပိုင်းနှင်‌့တောင်ပိုင်း)နှင်‌့ချင်းပြည်နယ်တို့တွင်နေရာကျဲကျဲ၊မကွေးတိုင်းဒေသကြီးတွင်

နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာခဲ့ပြီး၊

ရန်ကုန်တိုင်းဒေသကြီးနှင်‌့ဧရာဝတီတိုင်းဒေသကြီးတို့တွင်ဒေသအလိုက်၊ရခိုင်ပြည်နယ်တွင်

နေရာကွက်၍မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာရန်ကုန်(ဒဂုံမြောက်ပိုင်း)တွင်

(၇.၁၃)လက်မ၊မြောင်းမြမြို့တွင်(၅.၄၇)လက်မ၊ဟိုင်းကြီးကျွန်းမြို့တွင်(၅.၁၆)လက်မ၊ဂွမြို့တွင်

(၄.၈၄)လက်မ၊မအူပင်မြို့တွင်(၄.၂၉)လက်မ၊ပုသိမ်မြို့တွင်(၄.၁၇)လက်မ၊ရန်ကုန်(မြို့လယ်)

တွင်(၃.၉၇)လက်မ၊ဟင်္သာတမြို့တွင်(၃.၅၄)လက်မ၊ရန်ကုန်(မင်္ဂလာဒုံ)တွင်(၃.၁၁)လက်မ၊

လပွတ္တာမြို့တွင်(၂.၉၉)လက်မ၊ကျောက်ဖြူမြို့တွင်(၂.၉၂)လက်မ၊ရန်ကုန်(ကမ္ဘာအေး)တွင်

(၂.၅၆)လက်မနှင်‌့မိုးကုတ်မြို့တွင်(၂.၀၁)လက်မတို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင်‌့ ဘင်္ဂလားပင်လယ်အော်တို့တွင်

မုတ်သုံလေအားအသင့်အတင့်မှအားကောင်းနေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊

ရှမ်းပြည်နယ်(တောင်ပိုင်း)နှင်‌့ကယားပြည်နယ်တို့တွင်နေရာကျဲကျဲ၊နေပြည်တော်၊မကွေးတိုင်း

ဒေသကြီး၊ကချင်ပြည်နယ်နှင်‌့ရှမ်းပြည်နယ်(မြောက်ပိုင်းနှင်‌့အရှေ့ပိုင်း)တို့တွင်နေရာစိပ်စိပ်နှင့်

ကျန်တိုင်းဒေသကြီးနှင်‌့ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ရန်ကုန်တိုင်းဒေသကြီး၊

ဧရာဝတီတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။

ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါ

တစ်ရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။မိုးသက်

လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်(၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊

ကရင်ပြည်နယ်နှင်‌့မွန်ပြည်နယ်တို့တွင်မိုးပိုလာမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်

ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးအသင့်အတင်‌့

ထစ်ချုန်းရွာပြီး၊တစ်ခါတစ်ရံသည်းထန်နိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။