နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၃)ရက်နေ့ နံနက်(ရး၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၀၆း၃၀)နာရီအချိန်တိုင်းထွာချက်
များအရဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျှက်ရှိသောအနောက်
ဘင်္ဂလားကမ်းခြေနှင့်သြရိဿ မြောက်ပိုင်းကမ်းခြေတွင်ြဖစ်ပေါ်နေသောလေဖိအားနည်း
ရပ်ဝန်းသည်ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်
တို့တွင်မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။
မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေပြည်တော်နှင့်မန္တလေးတိုင်းဒေသကြီးတို့တွင်နေရာကျဲကျဲ၊
စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်နှင့်ကယားပြည်နယ်
တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်း
ရွာပြီး၊ရခိုင်ပြည်နယ်တွင်ဒေသအလိုက်၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊
တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါ
သည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်
ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/
မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၄၀)မှ(၄၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊ကရင်
ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်မိုးဆက်လက်ပိုနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား
မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးအသင့်အတင့်
ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား
မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။