DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၁-၁၂-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်ဘက် ရေမိုင် ၅၁၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့(Visakhapatnam)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၂၃၀ မိုင်ခန့် အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပါသည်။

 

နေ့စဉ်မိုးလေဝသခန့်မှန်းချက် (၂.၁၀.၂၀၁၅)

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ(၂)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ

အတွင်းကကယားပြည်နယ်တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊ဧရာဝတီတိုင်းဒေသကြီး၊ကချင်

ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာကွက်ကျား၊နေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီး၊ပဲခူး

တိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနှင့်ကရင်ပြည်နယ်တို့တွင်နေရာကျဲကျဲ၊ရခိုင်ပြည်နယ်နှင့်

မွန်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြား

မိုးထစ်ချုန်းရွာခဲ့ကာ၊မန္တလေးတိုင်းဒေသကြီးတွင်ဒေသအလိုက်နှင့်မကွေးတိုင်းဒေသကြီးတွင်

နေရာကွက်၍မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာစဉ့်ကိုင်မြို့တွင်(၂.၉၈)လက်မ၊

တံတားဦးမြို့တွင်(၂.၀၉)လက်မ၊ဖလမ်းမြို့တွင်(၂.၀၁)လက်မ၊ကျောက်ဆည်မြို့တွင်(၁.၇၃)

လက်မ၊မင်းဘူးမြို့တွင်(၁.၆၉)လက်မ၊ကျိုက္ခမီမြို့တွင်(၁.၆၁)လက်မနှင့်ဖြူးမြို့တွင်(၁.၅၄)လက်မ

တို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း

တို့တွင်မုတ်သုံလေအားနည်းနေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်တိမ်အသင့်အတင့်ဖြစ်ထွန်း

နေပါသည်။

မနက်ဖြန်ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင်နေရာအနှံ့အပြား၊ရန်ကုန်တိုင်း

ဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာစိပ်စိပ်၊နေပြည်တော်၊စစ်ကိုင်း

တိုင်းဒေသကြီးအထက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ဧရာ

ဝတီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင်နေရာကျဲကျဲနှင့်ကျန်တိုင်းဒေသကြီးနှင့်

ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင်ထစ်ချုန်းမည့်အခြေအနေ

များဆက်လက်ဖြစ်ပေါ်နေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်

ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

လာမည့်စနေ၊တနင်္ဂနွေအားလပ်ရက်များအတွက်မိုးလေဝသခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး

တွင်နေရာစိပ်စိပ်နှင့်မန္တလေးတိုင်းဒေသကြီးတွင်နေရာကျဲကျဲမိုးထစ်ချုန်းရွာမည်။