DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၂-၁-၂၀၂၅: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

Daily weather forecast

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၅ ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့ နံနက်(ရး၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်

တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်း နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင်

မုတ်သုံလေ အားအနည်းငယ်မှအားအသင့်အတင့် ရှိနေပါသည်။

ယနေ့ညနေထိခန့်မှန်းချက်။   မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင်

နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊

ဧရာဝတီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့်

ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်း

ဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။    မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်

တစ်ခါတရံမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။

မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ

တိုက်ခတ်နိုင်ပါသည်။ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်   မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် မိုးဆက်လက်

ပိုနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။   မိုးတစ်ကြိမ်၊ နှစ်ကြိမ်

ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။  နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။