DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၈-၁-၂၀၂၅:ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

Myanmar Daily Weather Report

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်းက

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ဧရာဝတီတိုင်းဒေသကြီးနှင့်ချင်းပြည်နယ်တို့တွင်နေရာကွက်ကျား၊

မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ရခိုင်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင်

နေရာကျဲကျဲ၊ပဲခူးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့်

ကယားပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်း

ရွာခဲ့ပြီး၊ နေပြည်တော်တွင်ဒေသအလိုက်မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာမချမ်းဘောမြို့တွင်

(၂.၉၁)လက်မ၊ပူတာအိုမြို့တွင်(၂.၇၂)လက်မ၊နေပြည်တော်လေဆိပ်(ဧလာ)တွင်(၁.၆၉)လက်မ၊ပျဉ်းမနားမြို့တွင်

(၁.၆၂)လက်မနှင့်နေပြည်တော်(ဒက္ခိဏသီရိမြို့နယ်)တွင်(၁.၅၈)လက်မတို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်မုတ်သုံလေ

အားနည်းနေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးနှင့်ချင်းပြည်နယ်တို့တွင်နေရာကွက်ကျား၊မန္တလေးတိုင်းဒေသကြီး၊

မကွေး တိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့်ရခိုင်ပြည်နယ်တို့တွင်

နေရာကျဲကျဲနှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာစိပ်စိပ်မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။လှိုင်းအနည်းငယ်မှအသင့်အတင့်ရှိမည်။လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်

ကမ်းလွန်ပင်လယ်ပြင်တို့တွင်(၂)ပေမှ(၅)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင်ထစ်ချုန်းမည့်အခြေအနေများ

ဆက်လက်ဖြစ်ပေါ်နေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။

ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။

ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။

ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။