နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့်ကယားပြည်နယ်
တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊ကချင်ပြည်နယ်တွင်နေရာအနှံ့အပြား၊ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်
နေရာစိပ်စိပ်၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊ချင်းပြည်နယ်၊
ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကျဲကျဲနှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်
နေရာကွက်ကျားမိုးထစ်ချုန်းရွာခဲ့ပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာကျောက်တော်မြို့တွင်(၁.၄၂)လက်မ၊
ကျိုက်မရောမြို့တွင်(၁.၃၄)လက်မ၊ဘီးလင်းမြို့တွင်(၁.၂၂)လက်မ၊ကမမောင်းမြို့တွင်(၁.၁၄)လက်မ၊ပလက်ဝမြို့တွင်
(ဝ.၉၈)လက်မ၊ပူတာအိုမြို့တွင်(ဝ.၉၄)လက်မနှင့်ပုသိမ်မြို့တွင်(ဝ.၈၂)လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊
ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအားနည်းနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ကချင်ပြည်နယ်တွင်နေရာစိပ်စိပ်၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊
တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်
နေရာကျဲကျဲနှင့်ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်သာရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်
ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁)ပေမှ (၄)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်
မုတ်သုံလေ အားနည်းနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါ သည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါ သည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါ သည်။