နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့ နံနက် (၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေ
အားကောင်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်မကွေးတိုင်းဒေသကြီးတို့
တွင်နေရာကွက်ကျား၊မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင်
နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်း
ဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်တွင်ဒေသအလိုက်နှင့်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊
တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်၍
မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည်ဖြစ်ပါသည်။
ြမန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံ
မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ်
ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၃၀)မှ (၃၅)မိုင်အထိတိုက်ခတ်နိုင် ပါသည်။လှိုင်းအမြင့်မှာ
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ(၉)ပေခန့်ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်၊
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်မိုးပိုနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။မိုးတစ်ကြိမ်၊နှစ်ကြိမ်ထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။မိုးအသင့်အတင့်ထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
.