နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်းက
မကွေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊စစ်ကိုင်း
တိုင်းဒေသကြီးအောက်ပိုင်းတွင်နေရာကွက်ကျား၊မန္တလေးတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့်ကယားပြည်
နယ်တို့တွင်နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်
(အရှေ့ပိုင်း)တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်း
ရွာခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ရခိုင်ပြည်နယ်တို့တွင်ဒေသအလိုက်နှင့်မွန်ပြည်နယ်တွင်
နေရာကွက်၍မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာစစ်တွေမြို့တွင်(၅.၃၉)လက်မ၊
ကျောက်ဖြူမြို့တွင်(၄.၇၇)လက်မ၊သထုံမြို့တွင်(၄.၁၃)လက်မ၊ခန္တီးမြို့တွင်(၄.၀၉)လက်မ၊ကျောက်တော်မြို့
တွင် (၃.၉၈)လက်မ၊ဟုမ္မလင်းမြို့တွင်(၃.၂၃)လက်မ၊မာန်အောင်မြို့တွင်(၂.၈၃)လက်မ၊အမ်းမြို့တွင်
(၂.၆၀)လက်မ၊လှိုင်းဘွဲ့မြို့တွင်(၂.၄၈)လက်မ၊ဂွမြို့တွင်(၂.၄၄)လက်မ၊မောင်တောမြို့တွင်(၂.၂၄)လက်မ၊
တောင်ကုတ်မြို့နှင့်ရန်ကုန်(ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်)တို့တွင် (၁.၉၇) လက်မစီနှင့်ရှမ်းရွာသစ်တွင်
(၁.၉၅)လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေ
အားကောင်းနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်မကွေးတိုင်းဒေသကြီးတို့တွင်နေရာ
ကွက်ကျား၊မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ
၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်
ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်း
ဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာ
ကွက်၍ မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ြမန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံမိုး
သက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ်ရေပြင်
/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၃၀)မှ (၃၅)မိုင်အထိတိုက်ခတ်နိုင် ပါသည်။လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုး
တန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ(၉)ပေခန့်ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်၊
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်မိုးပိုနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။မိုးအသင့်အတင့်ထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။