နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ(၄)ရက်နေ့ ညနေ (၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်တိမ်အသင့်အတင့်မှတိမ်ထူ
ထပ်နေပြီး၊ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်မုတ်သုံလေအားကောင်းနေ
ကာ၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်မုတ်သုံလေအားနည်းနေပါသည်။
မနက်ဖြန်နံနက်ထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်
တို့တွင်နေရာကျဲကျဲ၊နေပြည်တော်၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်
နယ်တို့တွင်နေရာစိပ်စိပ်နှင့်ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီ
တိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ပဲခူးတိုင်းဒေသကြီး၊
ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်
၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်
လယ်ပြင်တို့တွင်တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင် (၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။
ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှအသင့်အတင့်ရှိမည်။လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊
မုတ္တမကွေ့နှင့် မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တို့တွင် (၇)ပေမှ (၁၀)ပေခန့်နှင့်ရခိုင်ကမ်းရိုးတန်း
တစ်လျှောက်တွင် (၄)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး
၊ရခိုင်ပြည်နယ်နှင့်မွန် ပြည်နယ်တို့တွင်မိုးဆက်လက်ပိုလာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။