နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့ ညနေ (၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်
မုတ်သုံလေ အားနည်းနေပါသည်။
မနက်ဖြန်နံနက်ထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကျဲကျဲ၊
မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့်ကယားပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်နေပြည်တော်၊
ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊
နေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်နေရာကွက်၍
မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။
ြမန်မာ့ပင်လယ်ပြင်။လှိုင်းအနည်းငယ်မှလှိုင်းအသင့်အတင့်ရှိမည်။လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်
တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေဆက်လက် အားနည်းနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်