နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက
တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်(တောင်ပိုင်း)တို့တွင် အနှံ့အပြား၊ မွန်ပြည်နယ်တွင် နေရာစိပ်
စိပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ ပိုင်း)၊ ကယားပြည်နယ်နှင့်
ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့်
ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ တွင်
တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ ညအပူချိန်များမှာ ကချင်ပြည် နယ်တွင် နိုဝင်ဘာလ၏ ပျမ်းမျှ
အပူချိန်အောက် (၃)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊
ချင်းပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ထက် (၂)ဒီဂရီစင်တီဂရိတ်၊
ရခိုင်ပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ထက် (၃)ဒီဂရီစင်တီဂ
ရိတ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန် ထက် (၅)ဒီဂရီစင်တီဂရိတ်
ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။
ထူးခြားသည့် ညအပူချိန်များမှာ ပူတာအိုမြို့နှင့် ဟားခါးမြို့တို့တွင် (၁၀)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်
ကြဖြစ်ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ နမ့်စန် မြို့တွင် (၂.၆၀)လက်မ၊ ရန်ကုန်(ကမ္ဘာအေး)
တွင် (၁.၇၇)လက်မ၊ တောင်ကြီးမြို့နှင့် ဟဲဟိုးမြို့တို့တွင် (၁.၄၁)လက်မစီ၊ ဟိုင်းကြီးကျွန်းမြို့တွင်
(၁.၁၀)လက်မနှင့် မော်လမြိုင်မြို့တွင် (ဝ.၉၉)လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များ
အရ ဘင်္ဂလားပင်လယ်အော် အနောက် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း
သည် ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင် လယ်အော် တို့တွင်
တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင်
နေရာစိပ်စိပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် တောင်
ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော် နှင့် မန္တလေးတိုင်းဒေ
သကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသ
ကြီးနှင့် ပြည်နယ် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင်
(၅)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်
ထစ်ချုန်းရွာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း
ရွာနိုင်ပါသည်။ ရွာရန်ရွာနှုန်း(၆၀) ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာ
မည်။ ရွာရန်ရွာနှုန်း(၈၀) ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း
ရွာနိုင်ပါသည်။ ရွာရန်ရွာနှုန်း(၆၀) ဖြစ်ပါသည်။