DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၆-၁-၂၀၂၅: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

Daily Weather Forecast

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၄)ရက်နေ့  မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေ

သကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးရွာ ခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊

ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဒေသအလိုက်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊

ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာ

ကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ကျောက်တော်မြို့တွင် (၈.၇၀)လက်မ၊

အမ်းမြို့တွင် (၇.၇၉)လက်မ၊ မြောက်ဦးမြို့တွင် (၇.၄၄)လက်မ၊ ဥက္ကံမြို့တွင် (၅.၇၁)လက်မ၊

မောင်တောမြို့တွင်(၅.၂၀)လက်မ၊ ရှမ်းရွာသစ်တွင် (၄.၃၀)လက်မ၊ ရွှေကျင်မြို့တွင် (၄.၂၅)လက်မ၊

ပင်လောင်းမြို့တွင် (၄.၀၂)လက်မ၊ မတူပီမြို့တွင် (၃.၉၈)လက်မ၊ ကတိုင်တိတွင် (၃.၉၃)လက်မ၊

ငါးသိုင်းချောင်းမြို့တွင် (၃.၆၆)လက်မ၊ မိုးကုတ် မြို့တွင် (၃.၆၂)လက်မ၊ ကျောက်ဖြူမြို့တွင် (၃.၄၃)

လက်မ၊ သံတွဲမြို့နှင့် မဒေါက်မြို့တို့တွင် (၃.၃၅)လက်မစီ၊ ဇောင်းတူမြို့တွင် (၃.၂၃) လက်မ၊

ဇလွန်မြို့တွင် (၃.၁၁)လက်မနှင့် မိုးကောင်းမြို့နှင့် သာယာဝတီမြို့တို့တွင် (၃.၀၇)လက်မစီတို့

ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ

အားကောင်းရာမှ အားအလွန်ကောင်း နေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့်

ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးရွာပြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်

နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေ

သကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင် ပြည်နယ်

နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်

လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်

မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်

ပြင်တို့တွင် (၁၀)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် မိုးအားလျော့နည်းမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။     မိုးတစ်ကြိမ်၊ နှစ်ကြိမ်

ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။    မိုးတစ်ကြိမ်၊ နှစ်ကြိမ်

ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။   မိုးတစ်ကြိမ်၊ နှစ်ကြိမ်

ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။