နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်နေ့ ညနေ (၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန်တိုင်းထွာချက်များအရ
ယမန်နေ့ကကပ္ပလီပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည်ဘင်္ဂလားပင်လယ်အော်
အေ့ရှတောင်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသောကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင်ဆက်လက်
တည်နေပြီး၊နောက်(၂၄)နာရီအတွင်းပိုမိုအားကောင်းလာကာမုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိလာနိုင်သည်
ဟုခန့်မှန်းရပါသည်။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်တိမ်အသင့်အတင့်မှ
တိမ်ထူထပ်နေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါသည်။
မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးနှင့်တနင်္သာရီတိုင်းဒေသကြီး
တို့တွင်နေရာကွက်ကျားမိုးအနည်းငယ်ထစ်ချုန်းရွာနိုင်ပါသည်။ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။စစ်ကိုင်း
တိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်၊ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး၊
ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်။မြစ်ဝကျွန်းပေါ်၊မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်
တစ်ခါတစ်ရံအရှေ့ဘက်မှလေပြင်းများတိုက်ခတ်ပြီး၊လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။အရှေ့ဘက်မှ
လေပြင်းများတိုက်ခတ်စဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၃၀)မှ(၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။
ကျန်မြန်မာ့ပင်လယ်ပြင်တွင်လှိုင်းအသင့်အတင့်ရှိမည်။လှိုင်းအမြင့်မှာမြစ်ဝကျွန်းပေါ်၊မွန်-တနင်္သာရီကမ်းရိုးတန်း
တစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်(၆)ပေမှ(၈)ပေခန့်နှင့်မုတ္တမကွေ့ျနှင့်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်
တို့တွင်(၄)ပေမှ(၆)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။တနင်္သာရီတိုင်းဒေသကြီးတွင်နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။