DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၁-၂၀၂၅:ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်း နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

အားကောင်းသောမုန်တိုင်းငယ်သတင်း

အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၄၆/၂၀၁၉)
      (၂၀၁၉ ခုနှစ်၊ မေလ (၄)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

အားကောင်းသောမုန်တိုင်းငယ်အခြေအနေ

  (က)    ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်

ဘင်္ဂလားပြည်နယ်ပေါ်တွင် တည်ရှိနေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) "ဖန်နီ"(FANI)

သည် အရှေ့-အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊   အားကောင်းသော မုန်တိုင်းငယ်(Deep

Depression)အဖြစ်သို့ အားလျော့သွားခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ခရစ်ခ်ျနာ နာဂါမြို့(Krishnanagar)၏

အရှေ့-အရှေ့မြောက်ဘက် မိုင်(၂၀)ခန့်အကွာတွင် ဆက်လက် တည်ရှိနေပါသည်။ အဆိုပါ

အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျား

လျက်ရှိပါသည်။

နောက်(၆)နာရီအတွင်းခန့်မှန်းချက်
(က)    အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် နောက်(၆)နာရီအတွင်း မုန်တိုင်းငယ်

(Depression) အဖြစ်သို့ အားလျော့နိုင်ပြီး၊ အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျား ကာ၊ ဘင်္ဂလား

‌ဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်        

(က)     အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏အရှိန်ကြောင့် (၄.၅.၂၀၁၉)

ရက်နေ့မှ (၅.၅.၂၀၁၉)ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊

ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်

နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေး

တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊

ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာ ကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်း

တိုင်းဒေသကြီးအထက်ပိုင်း၊ ကချင် ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

(ခ)    မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်

‌လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင်

မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်း ပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်

ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၁)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်
(က)     အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏အရှိန်ကြောင့် ပြည်တွင်း

လေကြောင်းပျံသန်းရေး၊မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေး

ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင် သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။