DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၁-၂၀၂၅: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

အားကောင်းသော မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၅/၂၀၂၃)

အားကောင်းသော မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၅/၂၀၂၃)

          (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ  ၂  ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

(­­­က)    ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကုန်းတွင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်း ငယ်(Deep Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ နောက်(၆)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဂျက်ခန်းပြည်နယ်ကို ဖြတ် ကျော်ပြီးနောက် မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း၊ နောက်(၃၀) နာရီအတွင်း လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့လည်းကောင်း တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။

(ခ)     ယခုသတင်းသည် အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်းဖြစ်ပါသည်။