DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၆-၁-၂၀၂၅: ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

အားကောင်းသောမုန်တိုင်းငယ်သတင်းအမှတ်စဉ်(၁၆/၂၀၂၀)

အားကောင်းသောမုန်တိုင်းငယ်သတင်းအမှတ်စဉ်(၁၆/၂၀၂၀)

 (၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ၄ရက်)

   (မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

  (က) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ

          ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ  မန်နာ ပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ရမ်မန်သာပူရမ်(Ramanathapuram)မြို့၏ အနောက်တောင်ဘက် ရေမိုင် (၄၀)မိုင်ခန့်၊ ပမ်ဘန်(Pamban)မြို့၏ အနောက်တောင်ဘက် ရေမိုင်(၅၅)မိုင်ခန့်နှင့် ကန်ညာကူမာရီ(Kanyakumari)မြို့၏ အရှေ့မြောက်ဘက် ရေမိုင်(၈၀)မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။  

(ခ) အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

                   အဆိုပါအားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၈.၉)ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု (၇၈.၄)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်း ဖြစ်ပါသည်။

(ဂ) နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် နောက်(၆)နာရီအတွင်း အိန္ဒိယနိုင်ငံ ရမ်မန်သာပူရမ်(Ramanathapuram)နှင့် တူးတုကူဒီ(Thoothukudi)ခရိုင်တို့မှ  ဖြတ်ကျော်ဝင်ရောက်ပြီး၊ အနောက်- အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ နောက်(၂၄)နာရီအတွင်း မုန်တိုင်းငယ် (Depression)အဖြစ် အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။