မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၈/၂၀၂၀)
(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၄ ရက်)
(မြန်မာစံတော်ချိန်(၂၃:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
(က) မုန်တိုင်းငယ်အခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၂၂:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ရမ်မန်သာပူရမ် (Ramanathapuram) ခရိုင်အနီး ကမ်းခြေတွင် ဖြစ်ပေါ်နေသော အားကောင်း သော မုန်တိုင်းငယ်(Deep Depression)သည် သိသိသာသာရွေ့လျားခြင်းမရှိဘဲ မုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ် (Depression) သည် နောက်(၁၂)နာရီအတွင်း လေဖိအားနည်းရပ်ဝန်း(Low Pressure Area) အဖြစ် အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။