မုန်တိုင်းငယ်သတင်း
(၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့
မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂)၊၂၀၁၈
မုန်တိုင်းငယ်အခြေအနေ
(က)ယနေ့မြန်မာစံတော်ချိန်(၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်
အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်(Depression)သည် အနောက်-အနောက်
မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေ မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလား
ကမ်းခြေကို ဘလာဆော (Balasore)မြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်။