ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၄/၂၀၂၀)
(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃ ရက်)
(မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
(က) ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ မန်နာ ပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) "ဘူရီဗီ"(Burevi)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပမ်ဘန် (Pamban)မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၅)မိုင်ခန့်နှင့် ကန်ညာကူ မာရီ(Kanyakumari)မြို့၏ အရှေ့မြောက်ဘက် ရေမိုင်(၁၂၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(ခ) ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) "ဘူရီဗီ"(Burevi)သည် မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၉.၂)ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု (၇၉.၂)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈)ဟက်တိုပါစကယ် နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်း ဖြစ်ပါသည်။
(ဂ) နောက်(၁၈)နာရီအတွင်းခန့်မှန်းချက်
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) "ဘူရီဗီ"(Burevi)သည် အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရေွ့လျားပြီး၊ အိန္ဒိယနိုင်ငံ တမီးလ်နာဒူး(Tamil Nadu)ကမ်းခြေတောင်ပိုင်းကို ပမ်ဘန်(Pamban)မြို့နှင့် ကန်ညာကူမာရီ(Kanyakumari)မြို့တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည် ဟု ခန့်မှန်းရပါသည်။