ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၁/၂၀၂၀)
(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃ ရက်)
(မြန်မာစံတော်ချိန်(၀၄:၃၀)နာရီအချိန်ထုတ်ပြန်ချက်)
(က) ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၀၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) "ဘူရီဗီ"(Burevi)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံကမ်းရိုးတန်းကို ထရီကိုမာလီ (Trincomalee)မြို့ မြောက်ပိုင်းမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ကာ သီရိလင်္ကာနိုင်ငံပေါ်တွင် ဆက်လက် တည်ရှိနေပါသည်။
(ခ) ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) "ဘူရီဗီ"(Burevi)သည် မြန်မာစံတော်ချိန် (၀၂:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၈.၉)ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု (၈၁.၀)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၆)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)မိုင်နှုန်း ဖြစ်ပါသည်။
(ဂ) နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)"ဘူရီဗီ"(Burevi)သည် အနောက်- အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ယနေ့နံနက်ပိုင်းတွင် မန်နာပင်လယ်ကွေ့နှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကိုမိုရင်းဧရိယာသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။