DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၂၉-၀၃-၂၀၂၄):ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

  မိုးကြီးမည့်သတိပေးချက်အမှတ်စဉ်(၀၁/၂၀၂၀)

 

" မိုးကြီးမည့် သတိပေးချက် "

(၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ (၃၁) ရက်၊ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

                                                          မိုးကြီးမည့်သတိပေးချက်အမှတ်စဉ်(၀၁/၂၀၂၀)

 

(က)     ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်

များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်း

မုန်တိုင်းငယ်၏ အကြွင်းအကျန် တိမ်တိုက်များ ဖြတ်သန်းလာနိုင်မှုကြောင့်

လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်

မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာ နိုင်ခြင်းတို့ကြောင့်

လည်းကောင်း၊ (၃.၈.၂၀၂၀)မှ (၈.၈.၂၀၂၀)ရက်နေ့အတွင်း ပဲခူးတိုင်း

ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း

ဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်

တို့ တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်

မိုးကြီးခြင်း နှင့် နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါသည်။

 

 (ခ)    ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊

ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယား

ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင်  (၂၄)နာရီအတွင်း

မိုးရေချိန်(၃)လက်မ (၇၇-မီလီမီတာ) နှင့်အထက် ရွာသွန်းနိုင်ပါသည်။