Wednesday, May 30, 2018 - 18:30
မိုးလေဝသသတင်းအစီရင်ခံခြင်း
(၂၀၁၈ ခုနှစ်၊ မေလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၈:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
မိုးလေဝသသတင်းအမှတ်စဉ်(၁၀)၊၂၀၁၈
မိုးလေဝသအခြေအနေ
ယနေ့မြန်မာစံတော်ချိန်(၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံကုန်းတွင်းပိုင်းတွင်
ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အားပျော့သွားပြီး ဖြစ်သည့်အတွက် အစိမ်းရောင်
အဆင့်ဟုသတ်မှတ်ပါသည်။
ယခုသတင်းသည် မုန်တိုင်းငယ်အတွက် နောက်ဆုံးထုတ်ပြန်ပေးသည့်သတင်းဖြစ်ပါသည်။