DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၁၆-၄-၂၀၂၄):  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် တောင်ပိုင်း တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့ တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

Tropical Storm “NOUL” warning (No.03/2020)

        အပူပိုင်းမုန်တိုင်း "နို(လ်)"(NOUL)နှင့် ပတ်သက်သည့် သတိပေးချက် အမှတ်စဉ် (၀၃/၂၀၂၀)  

(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ  ၁၈  ရက်)

(မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)   

အပူပိုင်းမုန်တိုင်း“နို(လ်)”(NOUL)အခြေအနေ

၁။       ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ

လာအိုနိုင်ငံကို ဖြတ်ကျော် ဝင်ရောက်ခဲ့သော အပူပိုင်းမုန်တိုင်း"နို(လ်)"

(NOUL)သည် ထိုင်းနိုင်ငံသို့ရောက်ရှိကာ အနောက် ဘက်သို့ ရွေ့လျားလျက်

ရှိပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်း "နို(လ်)"(NOUL) သည် အနောက်-

အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ ကုန်းတွင်းမုန်တိုင်းငယ်

အဖြစ်သို့ အားလျော့ သွားကာ ထိုင်းနိုင်ငံကို ဆက်လက်ဖြတ်ကျော်ပြီးနောက်

(၁၉.၉.၂၀၂၀)ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ ကရင်

ပြည်နယ်နှင့် မွန်ပြည်နယ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းပါသည်။

သတိပေးနှိုးဆော်ချက်  

 ၂။      အဆိုပါ အပူပိုင်းမုန်တိုင်း"နို(လ်)"(NOUL)၏ အရှိန်ကြောင့် ယနေ့ညမှ

(၂၂.၉.၂၀၂၀)ရက်နေ့ အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး

တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း

ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင် ပိုင်း)၊ ရခိုင်ပြည်

နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်

မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်းနှင့် နေရာ

ကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

အကြံပြုချက်

 ၃။      သို့ဖြစ်ပါ၍ အပူပိုင်းမုန်တိုင်း"နို(လ်)"(NOUL)၏ အရှိန်ကြောင့် မိုးသည်း
ထန်စွာထစ်ချုန်း ရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်
ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါ သဖြင့် ကုန်းမြင့်ဒေသအနီးတွင် 
နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်း
ငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်
 သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။