နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ(၂၉)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ
အတွင်းကပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးနှင့်တနင်္သာရီ
တိုင်းဒေသကြီးတို့တွင်နေရာကွက်ကျားမိုးရွာခဲ့ပြီး၊နေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေး
တိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင်အများအားဖြင့်သာယာခဲ့ကာ၊ကျန်တိုင်းဒေသကြီး
နှင့်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ဲ့ပါသည်။ညအပူချိန်များမှာရန်ကုန်တိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်ဒီဇင်ဘာ
လ၏ပျမ်းမျှအပူချိန်တို့ထက်(၃)ဒီဂရီစင်တီဂရိတ်မှ(၄)ဒီဂရီစင်တီဂရိတ်ထိ၊ပဲခူးတိုင်းဒေသကြီး၊ရှမ်း
ပြည်နယ်(တောင်ပိုင်း)နှင့်ကယားပြည်နယ်တို့တွင်ဒီဇင်ဘာလ၏ပျမ်းမျှအပူချိန်တို့ထက်(၅)ဒီဂရီ
စင်တီဂရိတ်မှ(၆)ဒီဂရီစင်တီဂရိတ်ထိပိုခဲ့ပြီး၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်ဒီဇင်ဘာလ၏
ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။ထူးခြားသည့်ညအပူချိန်များမှာဟားခါးမြို့တွင်(၁)ဒီဂရီစင်တီဂရိတ်၊
ပင်လောင်းမြို့နှင့်နောင်ချိုမြို့တို့တွင်(၅)ဒီဂရီစင်တီဂရိတ်စီနှင့်မိုးကုတ်မြို့တွင်(၆)ဒီဂရီစင်တီဂရိတ်တို့
ဖြစ်ကြပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာဟိုင်းကြီးကျွန်းမြို့တွင်(ဝ.၃၉)လက်မနှင့်ကော့သောင်း
မြို့တွင်(ဝ.၂၄)လက်မတို့ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း
တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်အများအားဖြင့်သာယာ
နေပါသည်။
မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးနှင့်တနင်္သာရီတိုင်း
ဒေသကြီးတို့တွင်နေရာကွက်ကျားမိုးရွာနိုင်ပါသည်။ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။ပဲခူးတိုင်းဒေသကြီး၊
ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်
တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်အများအားဖြင့်သာယာမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင်နေရာကွက်ကျားမိုးဆက်လက်
ရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ အများအားဖြင့်သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ အများအားဖြင့်သာယာမည်။