DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃-၁-၂၀၂၅: ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။  လွန်ခဲ့သော(၂၄)နာရီအတွင်းက

နေပြည်တော်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင်‌့ တောင်ပိုင်း)၊ ကယားပြည်နယ်တို့တွင် တိမ်အသင်‌့အတင်‌့

ဖြစ်ထွန်းခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင်‌့ ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင်‌့ မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေး

တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်

နှင်‌့  ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ကာ၊ မန္တလေးတိုင်းဒေသကြီး

တွင် နေရာကွက်၍ မိုးကြီး ခဲ့ပါသည်။ ညအပူချိန်များမှာ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊

ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင်‌့ မွန်ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီ

ဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိ ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှ

အပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် ညအပူချိန်များမှာ လွိုင်လင်မြို့နှင်‌့ ခန္တီးမြို့တို့တွင် (၁၁)ဒီဂရီစင်တီ

ဂရိတ်စီနှင့် ပင်လောင်းမြို့တွင် (၁၂)ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ

ကျောက်တော်မြို့တွင် (၂.၅၆) လက်မ၊ ကျောက်ဖြူမြို့တွင် (၂.၄၄)လက်မ၊ ကျောက်ပန်းတောင်းမြို့တွင်

(၁.၉၂)လက်မ၊ ခန္တီးမြို့တွင် (၁.၆၁)လက်မ၊ စစ်တွေမြို့တွင် (၁.၅၃)လက်မနှင့် ဟုမ္မလင်းမြို့တွင် (၁.၅၀)

လက်မတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်

တိမ်အသင်‌့အတင့်မှ တိမ်ထူထပ် နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်း

နေပါသည်။

မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ကယားပြည်နယ်တို့တွင် နေရာ

ကွက်ကျား၊ နေပြည်တော်၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း

ပြည်နယ်(မြောက်ပိုင်း)၊ ကရင်ပြည်နယ်နှင်‌့ မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး

အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်

တို့တွင် နေရာစိပ်စိပ်နှင်‌့ ကျန်တိုင်းဒေသကြီးနှင်‌့ ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။

ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့် ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် 

မိုးဆက်လက် ထစ်ချုန်းရွာမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။       နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။       နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။