DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂-၅-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့ တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

Depression New

မုန်တိုင်းသတင်း

(၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့ မြန်မာစံတော်ချိန်(၁၄း၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၄)၊၂၀၁၆  
မုန်တိုင်းအ‌ခြေအနေ

  (က)    ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်

အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် သည် ပိုမိုအားကောင်းလာကာ

ဆိုင်ကလုန်းမုန်တိုင်း “ဗာဒတ်ရှ်” (VARDAH) အဖြစ်သို့ ရောက်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏

အရှေ့တောင်ဘက် မိုင်(၅၆၀)ခန့်၊ မာချီလီပတ္တနမ်မြို့၏ အရှေ့-အရှေ့တောင်ဘက် မိုင်(၆၁၀)ခန့်၊

ပို့ပလဲယားမြို့၏ အနောက်ဘက် (၁၃၅)မိုင်ခန့်နှင့် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက်

မိုင် (၂၃၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည်  အနောက်

မြောက်ဘက်သို့  ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

(ခ)    ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်

အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

မုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က)    ဆိုင်ကလုန်းမုန်တိုင်းသည် ွမန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၁.၅) ဒီဂရီနှင့်

အရှေ့လောင်ဂျီကျု (၉၀.၅)ဒီဂရီတွင်ရှွိပီး၊ ဗဟိုချက်လေဖိအား (၉၉၈)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး

လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)နှုန်းခန့် ွဖစ်ပါသည်။

နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

(က)      အဆိုပါ ဆိုင်ကလုန်း မုန်တိုင်း “ဗာဒတ်ရှ်” (VARDAH) သည် နောက်(၂၄)နာရီအတွင်း

ပိုမိုအားကောင်းလာမည်ဟု ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
(က)    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း

တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းအသင့်

အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ

တိုက်ခတ်နိုင် ပါသည်။           
အကြံပြုချက်

(က)    မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ

ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန် အကြံပြုအပ်ပါသည်။