DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၁၁-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်း တို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းသို့ ရောက်ရှိခဲ့ပါသည်။  အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ နောက်  ၁၂ နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ထိုမှတစ်ဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် ၂ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး ကမ်းခြေ-သီရိလင်္ကာနိုင်ငံကမ်းခြေတို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၃)

(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့ မြန်မာစံတော်ချိန် (၂၀း၀၀)နာရီအချိန်ထုတ်ပြန်ချက်)
-------------------------------------------------------------------------------------
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၃)

------------------------------------------------
ဆိုင်ကလုန်းမုန်တိုင်းအ‌ခြေအနေ
-----------------------------------

(က) ယနေ့မြန်မာစံတော်ချိန် (၁၉း၃၀)နာရီအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလားပင်

လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ကြံ့” (KYANT)သည်

အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ပုသိမ်မြို့၏ အနောက်ဘက်

(၂၃၅) မိုင်ခန့်၊ ဂွမြို့၏ အနောက်-အနောက်တောင်ဘက် မိုင်(၂၃၅)ခန့်၊ ကျောက်ဖြူမြို့၏

အနောက်တောင်ဘက် မိုင်(၂၃၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့-အရှေ့တောင်ဘက်

(၄၂၅)မိုင်ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ကြံ့” (KYANT)သည်

အနောက်-အနောက်တောင်ဘက်သို့ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

(ခ) ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားခြင်း မရှိသဖြင့်

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေကို အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
-------------------------------------------------------------------------------

(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ွမန်မာစံတော်ချိန် (၁၉း၃၀)နာရီအချိန်တွင်

မြောက်လတ္တီကျု (၁၆.၈)ဒီဂရီနှင့်အရှေ့လောင်ဂျီကျု (၉၀.၆)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား

(၉၉၇)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင် မိုင် (၅၀)နှုန်းခန့် ဖြစ်ပါသည်။

သတိပေးနှိုးဆော်ချက်
------------------------

(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် (၂၆.၁၀.၂၀၁၆)ရက်နေ့မှ (၂၇.၁၀.၂၀၁၆)

ရက်နေ့အတွင်းစစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊

ဧရာဝတီတိုင်းဒေသကြီး၊ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်

မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

(ခ) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း

တစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ

ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင် လေသည်

တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

အကြံပြုချက်

(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း

တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊

သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။