မုန်တိုင်းငယ်သတိပေးချက်
(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့ မြန်မာစံတော်ချိန်(၁၄း၀၀)နာရီအချိန်ထုတ်ပြန်ချက်)
အားကောင်းသောမုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၁၁)
အားကောင်းသောမုန်တိုင်းငယ်အခြေအနေ
ယနေ့မြန်မာစံတော်ချိန်(၁၃း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့
အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသောမုန်တိုင်းငယ်သည်သိသိသာသာရွေ့လျားခြင်းမရှိဘဲပိုမို
အားကောင်းလာကာအားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိခဲ့ပြီးမြန်မာနိုင်ငံ၊ကိုကိုး
ကျွန်းမြို့၏မြောက်-အနောက်မြောက်ဘက်(၈၅)မိုင်ခန့်၊ဟိုင်းကြီးကျွန်းမြို့၏အနောက်တောင်
ဘက်(၈၅)မိုင်ခန့်၊ပုသိမ်မြို့၏အနောက်တောင်ဘက်(၁၂၅)မိုင်ခန့်၊ဂွမြို့၏တောင်-အနောက်
တောင်ဘက်(၁၅၅)မိုင်ခန့်၊ရန်ကုန်မြို့၏အနောက်တောင်ဘက်(၂၀၅)မိုင်ခန့်အကွာပင်လယ်ပြင်
ကိုဗဟိုပြုနေပါသည်။
အားကောင်းသောမုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာမြန်မာ့ကမ်းရိုးတန်း(မြစ်ဝကျွန်းပေါ်
ဒေသများ)နှင့်နီးကပ်နေပါသဖြင့်အနီရောင်အဆင့်ဟုသတ်မှတ်ပါသည်။
အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါအားကောင်းသောမုန်တိုင်းငယ်သည်မြန်မာစံတော်ချိန်(၁၃း၃၀)နာရီအချိန်တွင်မြောက်
လတ္တီကျု (၁၅.၅)ဒီဂရီနှင့်အရှေ့လောင်ဂျီကျု (၉၃.ဝ)ဒီဂရီတွင်ရှိပြီး၊ဗဟိုချက်လေဖိအား(၁၀၀၀)
ဟက်တိုပါစကယ်နှင့်အမြင့်ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင်မိုင်(၄၀)မှ(၄၅)မိုင်နှုန်းခန့်
ဖြစ်ပါသည်။
နောက်(၁၂)နာရီအတွင်း ခန့်မှန်းချက်
အဆိုပါအားကောင်းသောမုန်တိုင်းငယ်သည်နောက်(၁၂)နာရီအတွင်းပိုမိုအားကောင်းလာကာ
ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိနိုင်ပြီးယနေ့ညနေပိုင်းတွင်မြန်မာနိုင်ငံကမ်းရိုးတန်း
(မြစ်ဝကျွန်းပေါ်ဒေသ)အနီးသို့ဦးတည်ရွေ့လျားပြီးနောက်ပြန်ကွေ့ကာမြောက်-အနောက်မြောက်
ဘက်သို့ဆက်လက်ရွေ့လျားမည်ဟုခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
အဆိုပါအားကောင်းသောမုန်တိုင်းငယ်သည်မြန်မာ့ကမ်းရိုးတန်း(မြစ်ကျွန်းပေါ်ဒေသ)အနီးသို့
ရောက်ရှိစဉ်ဧရာဝတီတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တောင်ပိုင်းတို့တွင်အမြင့်ဆုံးလေတိုက်နှုန်း
မှာတစ်နာရီလျှင်(၄၅)မိုင်မှမိုင်(၅၀)အထိတိုက်ခတ်နိုင်ပြီး၊ရန်ကုန်တိုင်းဒေသကြီးတွင်တစ်နာရီလျှင်
မိုင်(၃၀)မှ(၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။
သို့ဖြစ်ပါ၍မုန်တိုင်းဒီရေအမြင့်ဆုံးမှာဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာခရိုင်နှင့်ရခိုင်ပြည်နယ်
တောင်ပိုင်း၊သံတွဲခရိုင်တို့တွင်(၇)ပေမှ(၁၀)ပေခန့်အထိမြင့်တက်နိုင်ပါသည်ဟုခန့်မှန်းရပါသည်။
အဆိုပါအားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့်(၂၄.၁၀.၂၀၁၆)ရက်နေ့မှ(၂၇.၁၀.၂၀၁၆)
ရက်နေ့အတွင်းနေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊မကွေး
တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်း
ဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာစိပ်စိပ်မှနေရာ
အနှံ့အပြားမိုးထစ်ချုန်းရွာပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည်။
အဆိုပါအားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့်မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်
ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်
ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၄၀)မှ(၄၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။
အကြံပြုချက်
အဆိုပါအားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့်လေပြင်းတိုက်ခတ်ခြင်း၊မိုးကြီးခြင်း၊ရုတ်တရက်
ရေကြီးခြင်းနှင့်အတူမြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့်ကုန်းမြင့်ဒေသအနီးတွင်နေထိုင်ကြသူများအနေဖြင့်
ေြမပြိုမှုအန္တရာယ်ကိုလည်းကောင်း၊မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်မြစ်ငယ်၊ချောင်းငယ်များအနီးတွင်
နေထိုင်ကြသူများအနေဖြင့်ရေကြီး၊ရေလျှံမှုများဖြစ်ပေါ်နိုင်သောကြောင့်ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့်
ပြည်တွင်းလေကြောင်းပျံသန်းရေး၊ပြည်တွင်းရေကြောင်းသွားလာရေး၊မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်
ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိ
ပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။