DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃-၁-၂၀၂၅: ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

နေ့စဉ်မိုးလေဝသသတင်း (၄.၁၀.၂၀၁၆)

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၆ ခုနှစ်၊အောက်တိုဘာလ (၄)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)

နာရီအတွင်းကရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊စစ်ကိုင်းတိုင်း

ဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်နှင်‌့ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင်နေရာကွက်ကျား၊

နေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင်‌့မန္တလေးတိုင်းဒေသကြီးတို့တွင်နေရာ

ကျဲကျဲ၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနှင်‌့ရခိုင်ပြည်နယ်

တို့တွင်နေရာစိပ်စိပ်နှင်‌့ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်း

ရွာခဲ့ကာ၊မန္တလေးတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင်‌့မွန်ပြည်နယ်တို့တွင်ဒေသအလိုက်နှင်‌့

မကွေးတိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီးတို့တွင်နေရာကွက်၍မိုးကြီးခဲ့ပါသည်။မှတ်သား

ဖွယ်ရာမိုးရေချိန်များမှာကော့ကရိတ်မြို့တွင်(၆.၀၆)လက်မ၊ရွှေကျင်မြို့တွင်(၅.၅၉)လက်မ၊

မော်လမြိုင်မြို့တွင်(၄.၄၀)လက်မ၊နွားထိုးကြီးမြို့တွင်(၄.၁၀)လက်မ၊မြဝတီမြို့နှင်‌့ကျိုက္ခမီမြို့

တို့တွင်(၃.၉၀)လက်မစီ၊ဘီးလင်းမြို့တွင်(၃.၇၀)လက်မ၊ပေါင်မြို့တွင်(၃.၁၁)လက်မ၊

မဒေါက်မြို့တွင်(၂.၈၇)လက်မ၊ဆောမြို့တွင်(၂.၄၇)လက်မ၊မြင်းခြံမြို့နှင့်မြောင်းမြမြို့တို့တွင်

(၂.၂၀)လက်မစီတို့ဖြစ်ကြပါသည်။
     
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့်အလယ်ပိုင်း

တို့တွင်တိမ်အသင့်အတင့်မှတိမ်ထူထပ်နေပြီး၊ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်

အော်တို့တွင်မုတ်သုံလေအားအသင့်အတင့်ရှိနေပါသည်။

မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်

(မြောက်ပိုင်းနှင်‌့အရှေ့ပိုင်း)တို့တွင်နေရာကွက်ကျား၊နေပြည်တော်၊မကွေးတိုင်းဒေသကြီး၊

မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(တောင်ပိုင်း)နှင်‌့ချင်းပြည်နယ်တို့တွင်နေရာကျဲကျဲ၊

ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်နှင်‌့

ကယားပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင်‌့ပြည်နယ်တို့တွင်နေရာ

အနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ပဲခူးတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင်‌့မွန်ပြည်နယ်တို့တွင်

နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်

တောင်ပိုင်းတို့တွင်မုတ်သုံလေအားအသင့်အတင့်ရှိမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။