DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃-၃-၂၀၂၅: ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်း နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

နေ့စဉ်မိုးလေဝသသတင်း (၉.၉.၂၀၁၆)

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ

အတွင်းကစစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊မန္တလေးတိုင်း

ဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင်

နေရာကွက်ကျား၊နေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ပဲခူးတိုင်းဒေသကြီး၊ဧရာဝတီ

တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်နေရာ

ကျဲကျဲနှင်‌့ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာခဲ့ပြီး၊စစ်ကိုင်းတိုင်း

ဒေသကြီးအထက်ပိုင်းတွင်နေရာကွက်၍မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာခန္တီးမြို့တွင်

(၃.၂၇)လက်မ၊ကျိုက္ခမီမြို့တွင်(၂.၆၈)လက်မ၊လောင်းလုံးမြို့တွင်(၁.၆၉)လက်မ၊လွိုင်လင်မြို့နှင့်

သပိတ်ကျင်းမြို့တို့တွင်(၁.၄၆)လက်မစီနှင့်ကော့သောင်းမြို့တွင်(၁.၃၄)လက်မတို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်‌မြောက်ပိုင်းတွင်မုတ်သုံလေ

အားနည်းနေပြီး၊ကပ္ပလီပင်လယ်ပြင်နှင်‌့ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအား

အသင့်အတင့်ရှိနေပါသည်။

မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီးနှင့်

မကွေးတိုင်းဒေသကြီးတို့တွင်နေရာကွက်ကျား၊နေပြည်တော်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်း

ဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ရခိုင်ပြည်နယ်နှင့်

ကယားပြည်နယ်တို့တွင်နေရာကျဲကျဲ၊တနင်္သာရီတိုင်းဒေသကြီးနှင့်ချင်းပြည်နယ်တို့တွင်နေရာ

စိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင်‌့ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊စစ်ကိုင်း

တိုင်းဒေသကြီးအထက်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်

ရာနှုန်း(၈၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။  လှိုင်းအသင့်အတင့် ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်နှင့်

ရှမ်းပြည်နယ်တို့တွင်မိုးပိုလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

လာမည့်စနေ၊တနင်္ဂနွေအားလပ်ရက်များအတွက်မိုးလေဝသခန့်မှန်းချက်။ နေပြည်တော်၊

ရန်ကုန်တိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးတို့တွင်နေရာကျဲကျဲမိုးထစ်ချုန်းရွာမည်။